Friday, November 29, 2019

ကရင်ပြည်နယ်၊ လိပ်သိုမြို့တွင် သိမ်းဆည်းထားသော ပါဝါအိတ်ဇောများ ဖျက်ဆီး


ကရင်ပြည်နယ် လိပ်သိုမြို့ အမှတ် (၁)ရပ်ကွက်၊ မိုင်းလွန်ကျေးရွာသွား လမ်းဆုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နယ်မြေခံရဲတပ်ဖွဲ့များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းထားသော မော်တော် ဆိုင်ကယ် ပါဝါအိတ်ဇောများကို လမ်းဦးစီးဌာနပိုင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖျက်ဆီးရခြင်းမှာ လိပ်သိုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားကောင်း လာစေရန်၊ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရန်နှင့် ယာဉ်အန္တရာယ်မဖြစ်ပေါ် စေရန် ရည်ရွယ်၍ မော်တော်ဆိုင်ကယ် အသုံးပြုပြီး စီးနင်းသူများအား နည်းမျိုးစုံဖြင့် အသိပညာ ပေးခြင်း၊ လိုက်နာမှု မရှိသူများအား သတိပေး လက်မှတ်ရေးထိုးစေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လုံးဝလိုက်နာမှု မရှိသူများအား အရေးယူမှုပြုလုပ်ခဲ့ပြီး သိမ်းဆည်း ထားသော ပါဝါအိတ်ဇော (၂၀ဝ)အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Image may contain: 1 person, standing, child, shoes, outdoor and nature
Image may contain: one or more people, people standing, tree, outdoor and nature
စောဝေါ်ကွောထူး (ပြန်/ဆက်)
<zawgyi>
ကရင်ပြည်နယ်၊ လိပ်သိုမြို့တွင် သိမ်းဆည်းထားသော ပါဝါအိတ်ဇောများ ဖျက်ဆီး
Friday,November 29 ,2019

ကရင်ပြည်နယ် လိပ်သိုမြို့ အမှတ် (၁)ရပ်ကွက်၊ မိုင်းလွန်ကျေးရွာသွား လမ်းဆုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နယ်မြေခံရဲတပ်ဖွဲ့များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းထားသော မော်တော် ဆိုင်ကယ် ပါဝါအိတ်ဇောများကို လမ်းဦးစီးဌာနပိုင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးရခြင်းမှာ လိပ်သိုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားကောင်း လာစေရန်၊ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရန်နှင့် ယာဉ်အန္တရာယ်မဖြစ်ပေါ် စေရန် ရည်ရွယ်၍ မော်တော်ဆိုင်ကယ် အသုံးပြုပြီး စီးနင်းသူများအား နည်းမျိုးစုံဖြင့် အသိပညာ ပေးခြင်း၊ လိုက်နာမှု မရှိသူများအား သတိပေး လက်မှတ်ရေးထိုးစေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လုံးဝလိုက်နာမှု မရှိသူများအား အရေးယူမှုပြုလုပ်ခဲ့ပြီး သိမ်းဆည်း ထားသော ပါဝါအိတ်ဇော (၂၀ဝ)အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး (ပြန်/ဆက်)

0 comments:

Post a Comment