Monday, November 25, 2019

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဂျပန်နိုင်ငံ TBS ရုပ်သံရိုက်ကူးရေးအဖွဲ့ မှ မှတ်တမ်းရိုက်ကူး


နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံ TBS ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဓမ္မရံကြီးဘုရား၊ သဗ္ဗညုဘုရား၊ တုရင်တောင်ဘုရားတို့၏ ယဉ်ကျေးမှု လက်ရာများနှင့် ပတ်ဝန်းကျင် ရှုခင်းများ၊ နန်းတော်နေရာဟောင်းနှင့် မြို့ရိုးဟောင်းနေရာများအား ရိုက်ကူးသည်။

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က တန့်ကြည်တောင် စွယ်တော်ဘုရားနှင့် ၄င်းပတ်ဝန်းကျင် ရှုခင်းများ၊ ဧရာဝတီမြစ်ဆိပ်ကမ်းနှင့် မြစ်ကြောင်းတစ်လျှောက် ရှုခင်းများကိုလည်းကောင်း၊ နိုဝင်ဘာ ၂၀ ရက် မှ ၂၄ ရက်အတွင်း ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ လေးမျက်နှာဘုရား၊ တောင်ဘီဘုရားစုဘုရားများ၊ မင်းနန်သူကုန်းနေရာများမှ ပုဂံဒေသ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျောက်ဆည်ခရိုင်ရှိ ကျီးမဲဆည်၊ ငပြောင်ဆည်တို့မှ ရေပေးဝေနေမှုများနှင့် ပတ်ဝန်းကျင် ရှုခင်းများကို လည်းကောင်း ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့အပြင် လောကနန္ဒာဘုရား၊ ဗူးဘုရား၊ သရပါတံခါး၊ ဗူးလယ်သီးဘုရား၊ ယွန်းလုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်၊ ရွှေဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ရှင်သာမဏေများ ဝက်ကြီးအင်းရွာသို့ ဆွမ်းခံကြွပုံ၊ ပုဂံသမိုင်းနှင့် ရှေးဟောင်းဘုရားများ ပြုပြင်မွမ်းမံခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း တို့ကို နိုဝင်ဘာ ၂၈ ရက်ထိ ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုသို့ရိုက်ကူးထားရှိမှုများကို ဂျပန်နိုင်ငံ TBS ရုပ်သံလိုင်းတွင် အပတ်စဉ် ထုတ်လွှင့်ပေးလျက်ရှိသည့် " The World Heritage" အစီအစဉ်တွင် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, people standing, sky, outdoor and nature
Image may contain: 1 person, standing
No photo description available.
Image may contain: one or more people, people standing, sky, outdoor and nature
Image may contain: 1 person, smiling, indoor
<<Zawgyi>>
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဂျပန်နိုင်ငံ TBS ရုပ်သံရိုက်ကူးရေးအဖွဲ့ မှ မှတ်တမ်းရိုက်ကူး
Tuesday, November 26, 2019

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံ TBS ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဓမ္မရံကြီးဘုရား၊ သဗ္ဗညုဘုရား၊ တုရင်တောင်ဘုရားတို့၏ ယဉ်ကျေးမှု လက်ရာများနှင့် ပတ်ဝန်းကျင် ရှုခင်းများ၊ နန်းတော်နေရာဟောင်းနှင့် မြို့ရိုးဟောင်းနေရာများအား ရိုက်ကူးသည်။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က တန့်ကြည်တောင် စွယ်တော်ဘုရားနှင့် ၎င်းပတ်ဝန်းကျင် ရှုခင်းများ၊ ဧရာဝတီမြစ်ဆိပ်ကမ်းနှင့် မြစ်ကြောင်းတစ်လျှောက် ရှုခင်းများကိုလည်းကောင်း၊ နိုဝင်ဘာ ၂၀ ရက် မှ ၂၄ ရက်အတွင်း ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ လေးမျက်နှာဘုရား၊ တောင်ဘီဘုရားစုဘုရားများ၊ မင်းနန်သူကုန်းနေရာများမှ ပုဂံဒေသ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျောက်ဆည်ခရိုင်ရှိ ကျီးမဲဆည်၊ ငပြောင်ဆည်တို့မှ ရေပေးဝေနေမှုများနှင့် ပတ်ဝန်းကျင် ရှုခင်းများကို လည်းကောင်း ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့အပြင် လောကနန္ဒာဘုရား၊ ဗူးဘုရား၊ သရပါတံခါး၊ ဗူးလယ်သီးဘုရား၊ ယွန်းလုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်၊ ရွှေဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ရှင်သာမဏေများ ဝက်ကြီးအင်းရွာသို့ ဆွမ်းခံကြွပုံ၊ ပုဂံသမိုင်းနှင့် ရှေးဟောင်းဘုရားများ ပြုပြင်မွမ်းမံခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း တို့ကို နိုဝင်ဘာ ၂၈ ရက်ထိ ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုသို့ရိုက်ကူးထားရှိမှုများကို ဂျပန်နိုင်ငံ TBS ရုပ်သံလိုင်းတွင် အပတ်စဉ် ထုတ်လွှင့်ပေးလျက်ရှိသည့် " The World Heritage" အစီအစဉ်တွင် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment