Monday, November 25, 2019

တပ်မတော်မှ ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်တရားရုံး ( Court-Martial) ဖြင့် စစ်ဆေးစီရင်ခြင်းစတင်တော့မည်ဖြစ်


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း စစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်၌ စတင်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း အစီရင်ခံစာ၌ တပ်မတော်သားများကပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက် မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။
Image may contain: outdoor
Image may contain: one or more people, people standing, outdoor and text
Add caption
Image may contain: one or more people
<<Zawgyi>>
တပ်မတော်မှ ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်တရားရုံး ( Court-Martial) ဖြင့် စစ်ဆေးစီရင်ခြင်းစတင်တော့မည်ဖြစ်
Monday,November 25, 2019

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း စစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်၌ စတင်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း အစီရင်ခံစာ၌ တပ်မတော်သားများကပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက် မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။

0 comments:

Post a Comment