Sunday, November 24, 2019

ကွန်ဂိုတွင် ဘီနီမြို့သို့ ဦးတည်ပျံသန်းလာသည့် လေယာဉ် လူနေရပ်ကွက်ထဲသို့ ပျက်ကျမှုကြောင့် ၂၉ ဦး သေဆုံး

Image may contain: one or more people, crowd and outdoor

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့ရှိ လူနေထူထပ်ရာ ရပ်ကွက်ထဲသို့ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံးလူ၂၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇ ဦးနှင့် အမှုထမ်းတစ်ဦး လိုက်ပါလာခဲ့ပြီး အသက်ရှင် ကျန်ရစ်သူတစ်ဦးကို ပျက်ကျမှုအတွင်း ဒဏ်ရာရသူများနှင့်အတူ ဆေးရုံသို့ တင်ပို့ထားကြောင်းသိရသည်။
အဆိုပါ Busy Bee Dornier 228 လေယာဉ်ငယ်သည် လေဆိပ်မှ ပျံတက်ပြီးချင်း အချိန်ပိုင်းအတွင်း အနီးရှိရပ်ကွက်က နေအိမ်နှစ်လုံးပေါ်သို့ ပျက်ကျခြင်း ဖြစ်ကြောင်းနှင့် ယခုအချိန်အထိ အပျက်အစီးပုံအောက်မှ ရုပ်အလောင်း ၂၉ လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ဂျက်ကေ့ယူမာက ပြေကြားထားသည်။
အဆိုပါ လေယာဉ်သည် ဂိုမာမြို့ မြောက်ဖက် မိုင် ၂၂၀ အကွာက ဘီနီမြို့သို့ ဦးတည် ပျံတက်ချိန်၌ ယခုကဲ့သို့ ပျက်ကျခြင်း ဖြစ်ကြောင်း သိရှိရသည်။
Image may contain: one or more people
Image may contain: outdoor
<<Zawgyi>>
ကွန်ဂိုတွင် ဘီနီမြို့သို့ ဦးတည်ပျံသန်းလာသည့် လေယာဉ် လူနေရပ်ကွက်ထဲသို့ ပျက်ကျမှုကြောင့် ၂၉ ဦး သေဆုံး
Monday,November 25, 2019

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့ရှိ လူနေထူထပ်ရာ ရပ်ကွက်ထဲသို့ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံးလူ၂၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇ ဦးနှင့် အမှုထမ်းတစ်ဦး လိုက်ပါလာခဲ့ပြီး အသက်ရှင် ကျန်ရစ်သူတစ်ဦးကို ပျက်ကျမှုအတွင်း ဒဏ်ရာရသူများနှင့်အတူ ဆေးရုံသို့ တင်ပို့ထားကြောင်းသိရသည်။
အဆိုပါ Busy Bee Dornier 228 လေယာဉ်ငယ်သည် လေဆိပ်မှ ပျံတက်ပြီးချင်း အချိန်ပိုင်းအတွင်း အနီးရှိရပ်ကွက်က နေအိမ်နှစ်လုံးပေါ်သို့ ပျက်ကျခြင်း ဖြစ်ကြောင်းနှင့် ယခုအချိန်အထိ အပျက်အစီးပုံအောက်မှ ရုပ်အလောင်း ၂၉ လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ဂျက်ကေ့ယူမာက ပြေကြားထားသည်။
အဆိုပါ လေယာဉ်သည် ဂိုမာမြို့ မြောက်ဖက် မိုင် ၂၂၀ အကွာက ဘီနီမြို့သို့ ဦးတည် ပျံတက်ချိန်၌ ယခုကဲ့သို့ ပျက်ကျခြင်း ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment