Monday, November 25, 2019

ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများမှ ဖမ်းဆီးထားသော ဝန်ထမ်းများ လွတ်မြောက် နိုင်ရေးကူညီပေးရန် ဆောက်လုပ်ရေးဒုဝန်ကြီးမှ လွှတ်တော်တွင်တောင်းဆို

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၏ ကစ္စပနဒီ(ကုလားတန်)မြစ်ကူး တံတားဆောက်လုပ်နိုင်ခြင်းမရှိသေးသည့်အပေါ် မေးမြန်းရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံထားရသည့် ဝန်ထမ်းနှစ်ဦး ပြန်လည်လွတ်မြောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ထည့်သွင်း မေတ္တာရပ်ခံခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများဖြစ်သည့် ဦးတင်မင်းထိုက်နှင့် ဦးကျော်ဇင်ထွန်းတို့သည် ရခိုင်ပြည်နယ်အတွင်း တာဝန်ကျနေစဉ် AA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများမှ ဖမ်းခေါ်သွားခြင်းခံခဲ့ရသည်ဟု ယူဆရသည်။အဆိုပါ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံထားရသည့် ဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံမေးမြန်းသည့် တံတားတည်ဆောက်နိုင်ရေးမှာ ချေးငွေနှင့် နည်းပညာအကူအညီပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများကို အဆိုပါနေရာသို့ ခေါ်ဆောင်လေ့လာစေရန် လုံခြုံရေးအရ မဖြစ်နိုင်သည့်အတွက် အခက်ကြုံနေရကြောင်း ဦးကျော်လင်းက ဖြေကြားခဲ့သည်။
ယင်းနောက် ရသေ့တောင်-ဘူးသီးတောင်လမ်းပေါ်၌ တံတားတစ်စင်းတည်ဆောက်နေစဉ် ဇန်နဝါရီလ ၁၇ ရက်တွင် ဖမ်းဆီးခံထားရသည့် ကျွမ်းကျင်ဝန်ထမ်း ဦးတင်မင်းထိုက်၊ စစ်တွေနှင့် ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ဖြင့် လိုက်ပါစီးနင်းစဉ် အောက်တိုဘာ ၂၆ ရက်၌ ဖမ်းဆီးခံရသည့် အင်ဂျင်နီယာ ဦးကျော်ဇင်ထွန်းတို့ ယနေ့တိုင် ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသည်။
<<Zawgyi>>

0 comments:

Post a Comment