Monday, November 25, 2019

စပိန်ပင်လယ်ပြင်တွင် ကိုကင်း ၃ တန်ကျော်သယ်ဆောင်လာသော ရေငုပ်သင်္ဘောတစ်စီး ဖမ်းမိ

Image may contain: one or more people and outdoorImage may contain: ocean, outdoor, water and nature

ကိုကင်းမူးယစ်ဆေးဝါး ၃ တန်ကျော်ကို သယ်ဆောင်လာသော ရေငုပ်သင်္ဘောတစ်စီးကို စပိန်တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

တောင်အမေရိကမှ မောင်းနှင်လာသော အဆိုပါ ရေငုပ်သင်္ဘောကို စပိန်နိုင်ငံ အနောက်မြောက်ဖက် ဂါလီစီယာနယ်မြေ ရေပြင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စပိန်အာဏာပိုင်တို့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ရေငုပ်သင်္ဘောမှာ ၇၂ ပေ အရှည်ရှိပြီး၊ သင်္ဘောပေါ်တွင် ပါဝင်သူ ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။ ဖမ်းဆီးထားသူ နှစ်ဦးမှာ အီကွေဒေါ နိုင်ငံသားများဖြစ်ကြကြောင်းနှင့် ထွက်ပြေးသွားသော ကျန်တစ်ဦးကို လိုက်လံရှာဖွေနေပြီး ရေငုပ်သင်္ဘောကိုလည်း ရေအောက်ကနေ ဆွဲတင်ပြီး အကုန်စစ်ဆေးနေကြောင်း သိရှိရသည်။
<<zawgyi>>
စပိန်ပင်လယ်ပြင်တွင် ကိုကင်း ၃ တန်ကျော်သယ်ဆောင်လာသော ရေငုပ်သင်္ဘောတစ်စီး ဖမ်းမိ
Tuesday,November 26, 2019

ကိုကင်းမူးယစ်ဆေးဝါး ၃ တန်ကျော်ကို သယ်ဆောင်လာသော ရေငုပ်သင်္ဘောတစ်စီးကို စပိန်တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
တောင်အမေရိကမှ မောင်းနှင်လာသော အဆိုပါ ရေငုပ်သင်္ဘောကို စပိန်နိုင်ငံ အနောက်မြောက်ဖက် ဂါလီစီယာနယ်မြေ ရေပြင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စပိန်အာဏာပိုင်တို့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ရေငုပ်သင်္ဘောမှာ ၇၂ ပေ အရှည်ရှိပြီး၊ သင်္ဘောပေါ်တွင် ပါဝင်သူ ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။ ဖမ်းဆီးထားသူ နှစ်ဦးမှာ အီကွေဒေါ နိုင်ငံသားများဖြစ်ကြကြောင်းနှင့် ထွက်ပြေးသွားသော ကျန်တစ်ဦးကို လိုက်လံရှာဖွေနေပြီး ရေငုပ်သင်္ဘောကိုလည်း ရေအောက်ကနေ ဆွဲတင်ပြီး အကုန်စစ်ဆေးနေကြောင်း သိရှိရသည်။

0 comments:

Post a Comment