Friday, November 29, 2019

အင်းစိန်ဆေးဝါးစက်ရုံမှူးအမှုနှင့် ပတ်သက်ပြီး တရားလိုအား စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ(၆)ရက် ဆက်လက်စစ်ဆေးမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ BPI အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို နိုဝင်ဘာ(၂၈)ရက်က ရန်ကုန်တိုင်းတရားလွှတ်တော်မှာရုံးထုတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒေါက်တာအောင်ဇော်ဟာ ကော်စေ့(၂၆)တန်ကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေတယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
အဲဒီ ရုံးချိန်းမှာ တရားလိုဦးမိုးနိုင်ကို ဆက်လက်စစ်ဆေးခဲ့ပြီး ပလပ်စတစ်အရည်အသွေးနဲ့ပတ်သက်တဲ့ ကိစ္စကိုပဲ ထွက်ဆိုသွားတယ်လို့ ဒေါက်တာ အောင်ဇော်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးထင်ဇော်လတ်က ပြောပါတယ်။ ဒီထွက် ဆိုချက်တွေကို သက်သေအဖြစ်ပြန်တင်တဲ့အချိန်ကြရင် ပညာရှင်တွေရဲ့သုံးသပ်တွေနဲ့ပြန်လည်စစ်ဆေးပြီး အဲဒီ အပေါ်မှာမူတည်ပြီးအဖြေထွက်လာမယ်လို့ ဦးထင်ဇော်လတ်ကပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
လာမယ့်ရုံးချိန်းကိုတော့ ဒီဇင်ဘာ(၆)ရက်ချိန်းဆိုထားပြီး တရားလိုကိုဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
<zawgyi>

Friday,November 29 ,2019

0 comments:

Post a Comment