Tuesday, November 26, 2019

စင်ကာပူနိုင်ငံတွင် စကတ်အတိုဝတ် အမျိုးသမီးများကို အောက်ကပင့်ပြီး Video ခိုးရိုက်သူ ထောင်ဒဏ်ချမှတ်ခံရ

Image may contain: one or more people and phone

စင်ကာပူနိုင်ငံမှာ စကတ်အတိုဝတ်တဲ့အမျိုးသမီးတွေကို အောက်ကပင့်ပြီး Video ရိုက်ကူး ခဲ့တဲ့ အသက် ၆၁ အရွယ်အမျိုးသားကို တရားရုံးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ သီတင်းခြောက်ပတ် အကျဉ်းချဖို့ စီရင်ချက်ချမှတ်လိုက်ပါတယ်။

ဖန်ရှီဝါဆိုတဲ့ အမျိုးသားဟာ စွဲချက်လေးခုမှာ ပြစ်မှုထင်ရှားခဲ့တာကြောင့် တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြစ်မှုနှစ်မှုအတွက် စီရင်ချက်ချမှတ်ဖို့ ကျန်ရှိနေသေးတယ်လို့သိရပါတယ်။
ဖန်ရှီဝါဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လကစတင်ပြီး စကပ်အတိုဝတ်တဲ့ အမျိုးသမီးတွေကို အောက်ကပင့်ပြီး Video ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဖန်ရှီဝါဟာ အခုလို လုပ်ရပ်ကို စိန်ခေါ်မှုတစ်ရပ်လို သဘောထားလုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ သတိမထားမိအောင် ရိုက်ကူးနိုင်တဲ့အခါ စိတ်ကျေနပ်တယ်လို့ပြောပါတယ်။
သူဟာ သီတင်းတစ်ပတ်ကို သုံးရက်က လေးရက်အထိ အခုလို Video တွေရိုက်ကူးခဲ့ပြီး တစ်ရက်မှာ ၎င်းရဲ့ သားကောင်အမျိုးသမီး လေးငါးယောက်ရှိခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
စွပ်ချက်အားလုံးကို စီရင်ချက်ချမှတ်ရင် ဖန်ရှိဝါဟာ ၎င်းရဲ့ လုပ်ရပ်အတွက် ထောင်ဒဏ်တစ်နှစ်နဲ့အထက် ဒဏ်ငွေတွဲပြီး ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါတယ်။
<zawgyi>
စင်ကာပူနိုင်ငံတွင် စကတ်အတိုဝတ် အမျိုးသမီးများကို အောက်ကပင့်ပြီး Video ခိုးရိုက်သူ ထောင်ဒဏ်ချမှတ်ခံရ
Wednesday,November 27, 2019

စင်ကာပူနိုင်ငံမှာ စကတ်အတိုဝတ်တဲ့အမျိုးသမီးတွေကို အောက်ကပင့်ပြီး Video ရိုက်ကူး ခဲ့တဲ့ အသက် ၆၁ အရွယ်အမျိုးသားကို တရားရုံးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ သီတင်းခြောက်ပတ် အကျဉ်းချဖို့ စီရင်ချက်ချမှတ်လိုက်ပါတယ်။
ဖန်ရှီဝါဆိုတဲ့ အမျိုးသားဟာ စွဲချက်လေးခုမှာ ပြစ်မှုထင်ရှားခဲ့တာကြောင့် တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြစ်မှုနှစ်မှုအတွက် စီရင်ချက်ချမှတ်ဖို့ ကျန်ရှိနေသေးတယ်လို့သိရပါတယ်။
ဖန်ရှီဝါဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လကစတင်ပြီး စကပ်အတိုဝတ်တဲ့ အမျိုးသမီးတွေကို အောက်ကပင့်ပြီး Video ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဖန်ရှီဝါဟာ အခုလို လုပ်ရပ်ကို စိန်ခေါ်မှုတစ်ရပ်လို သဘောထားလုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ သတိမထားမိအောင် ရိုက်ကူးနိုင်တဲ့အခါ စိတ်ကျေနပ်တယ်လို့ပြောပါတယ်။
သူဟာ သီတင်းတစ်ပတ်ကို သုံးရက်က လေးရက်အထိ အခုလို Video တွေရိုက်ကူးခဲ့ပြီး တစ်ရက်မှာ ၎င်းရဲ့ သားကောင်အမျိုးသမီး လေးငါးယောက်ရှိခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
စွပ်ချက်အားလုံးကို စီရင်ချက်ချမှတ်ရင် ဖန်ရှိဝါဟာ ၎င်းရဲ့ လုပ်ရပ်အတွက် ထောင်ဒဏ်တစ်နှစ်နဲ့အထက် ဒဏ်ငွေတွဲပြီး ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါတယ်။

0 comments:

Post a Comment