Monday, November 25, 2019

ငါးဖမ်းကျားဖောင်လုပ်ငန်းတွင် လူကုန်ကူးခံရသည့် ဒဂုံတက္ကသိုလ် ကျောင်းသားအမှုမှ ဖောင်ဦးစီးနှင့် ပွဲစား(၁)ဦးကို လူကုန်ကူးမှုဖြင့်အမှုဖွင့်

Image may contain: 1 person, sittingImage may contain: one or more people and closeup

ဖျာပုံမြို့ရှိငါးဖမ်းကျားဖောင်လုပ်ငန်းတွင် လုပ်ကိုင်ဖို့လူကုန်ကူးခံခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းသား မြတ်သူရထွန်းအမှုမှ သူ့ကိုနှိပ်စက်တယ်ဆိုသော ကျားဖောင်ဦးစီး‌နှင့်အတူ ပွဲစားတစ်ဦးကိုဖျာပုံရဲစခန်းမှာ ဖမ်းဆီးပြီး စစ်ဆေးနေပြီဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ၂ဦးနဲ့အတူ ထွက်ပြေးနေသော ပွဲစား ၂ဦးကိုပါ အမှု စတင်ဖြစ်ပွားရာ ရန်ကုန်မြို့ကျောက်တံတားရဲစခန်းမှာ နိုဝင်ဘာလ ၂၂ရက်နေ့ညတွင် လူကုန်ကူးမှုဖြင့် စတင်အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်သမိုင်းဘာသာနောက်ဆုံးနှစ်ကျောင်းသား မြတ်သူရထွန်းဟာအမျိုးသမီး၂ဦးရဲ့ခေါ်ဆောင်မှုနဲ့ ပင်လယ်ပြင်က ကျားဖောင်လို့ခေါ်တဲ့ ရေလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာဖြစ်ပြီး သူ့ကို မိသားစုဝင်တွေက လုပ်ငန်းရှင်ဆီကနေ ငွေပေးပြီး ပြန်ရွေးယူခဲ့ရကာ ကျားဖောင်လုပ်ငန်းခွင်ထဲမှာတစ်လခွဲကြာနေထိုင်ပြီး ပြန်လွတ်လာတဲ့ ကိုမြတ်သူရထွန်းဟာ ဒဏ်ရာအများ စုနဲ့ ပြန်ရောက်လာခဲ့တာလည်းဖြစ်သည်။
ကျားဖောင် အများစုသည် ငါး၊ပုစွန်တွေကိုကမ်းခြေကနေ စက်လှေနဲ့ ၁၀ နာရီကျော်ကြာမောင်းပြီးသွားမှရောက်တဲ့ ရေမိုင် ၅၀ကျော်အကွာလောက်မှာ သွားရောက်ပြီးဖမ်းဆီးလုပ်ကိုင်ကြတာဖြစ်ပြီး အဆိုပါကျားဖောင်လုပ်ငန်းခွင်တွေထဲလုပ်ကိုင်နေတဲ့သူတွေထဲမှာ ကိုမြတ်သူရထွန်းအပြင် အခြားသော ပုံစံအမျိုးမျိုးနဲ့ လူကုန်ကူးခံပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူတွေလည်းရှိနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဖျာပုံမြို့နယ်ကနေ ဆက်သွားရတဲ့ပင်လယ်ပြင်အတွင်းက ကျားဖောင်လို့ခေါ်တဲ့ ပင်လယ်ပြင်ငါးဖမ်း
လုပ်ငန်းတွေကနေ တစ်နိုင်ငံလုံးစားသုံးနေတဲ့ မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေကို အဓိက ထုတ်လုပ်ပေးနေတာ
ဖြစ်သည်။
Image may contain: one or more people, people standing, ocean, outdoor and water

<<Zawgyi>>
ငါးဖမ်းကျားဖောင်လုပ်ငန်းတွင် လူကုန်ကူးခံရသည့် ဒဂုံတက္ကသိုလ် ကျောင်းသားအမှုမှ ဖောင်ဦးစီးနှင့် ပွဲစား(၁)ဦးကို လူကုန်ကူးမှုဖြင့်အမှုဖွင့်
Monday,November 25, 2019

ဖျာပုံမြို့ရှိငါးဖမ်းကျားဖောင်လုပ်ငန်းတွင် လုပ်ကိုင်ဖို့လူကုန်ကူးခံခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းသား မြတ်သူရထွန်းအမှုမှ သူ့ကိုနှိပ်စက်တယ်ဆိုသော ကျားဖောင်ဦးစီး‌နှင့်အတူ ပွဲစားတစ်ဦးကိုဖျာပုံရဲစခန်းမှာ ဖမ်းဆီးပြီး စစ်ဆေးနေပြီဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ၂ဦးနဲ့အတူ ထွက်ပြေးနေသော ပွဲစား ၂ဦးကိုပါ အမှု စတင်ဖြစ်ပွားရာ ရန်ကုန်မြို့ကျောက်တံတားရဲစခန်းမှာ နိုဝင်ဘာလ ၂၂ရက်နေ့ညတွင် လူကုန်ကူးမှုဖြင့် စတင်အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်သမိုင်းဘာသာနောက်ဆုံးနှစ်ကျောင်းသား မြတ်သူရထွန်းဟာအမျိုးသမီး၂ဦးရဲ့ခေါ်ဆောင်မှုနဲ့ ပင်လယ်ပြင်က ကျားဖောင်လို့ခေါ်တဲ့ ရေလုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတာဖြစ်ပြီး သူ့ကို မိသားစုဝင်တွေက လုပ်ငန်းရှင်ဆီကနေ ငွေပေးပြီး ပြန်ရွေးယူခဲ့ရကာ ကျားဖောင်လုပ်ငန်းခွင်ထဲမှာတစ်လခွဲကြာနေထိုင်ပြီး ပြန်လွတ်လာတဲ့ ကိုမြတ်သူရထွန်းဟာ ဒဏ်ရာအများ စုနဲ့ ပြန်ရောက်လာခဲ့တာလည်းဖြစ်သည်။
ကျားဖောင် အများစုသည် ငါး၊ပုစွန်တွေကိုကမ်းခြေကနေ စက်လှေနဲ့ ၁၀ နာရီကျော်ကြာမောင်းပြီးသွားမှရောက်တဲ့ ရေမိုင် ၅၀ကျော်အကွာလောက်မှာ သွားရောက်ပြီးဖမ်းဆီးလုပ်ကိုင်ကြတာဖြစ်ပြီး အဆိုပါကျားဖောင်လုပ်ငန်းခွင်တွေထဲလုပ်ကိုင်နေတဲ့သူတွေထဲမှာ ကိုမြတ်သူရထွန်းအပြင် အခြားသော ပုံစံအမျိုးမျိုးနဲ့ လူကုန်ကူးခံပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူတွေလည်းရှိနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဖျာပုံမြို့နယ်ကနေ ဆက်သွားရတဲ့ပင်လယ်ပြင်အတွင်းက ကျားဖောင်လို့ခေါ်တဲ့ ပင်လယ်ပြင်ငါးဖမ်း
လုပ်ငန်းတွေကနေ တစ်နိုင်ငံလုံးစားသုံးနေတဲ့ မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေကို အဓိက ထုတ်လုပ်ပေးနေတာ
ဖြစ်သည်။

0 comments:

Post a Comment