ယခုနှစ်အောက်တိုဘာလမှစပြီး မွန်ဂိုလီးယားဆောင်းအအေးဒဏ်ကို ခံနိုင်ရန် အစားထိုးလောင်စာတောင့်ကို စတင်သုံးစွဲလာကြာပါတယ်။
အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်လေးလ ရှိနေပြီတဲ့ ဂျီရယ် ဂန်ဘာတာဟာ အောက်တိုဘာရဲ့ အလွန်အေးတဲ့ တစ်ညမှာ မွန်ဂိုလီးယားရိုးရာအိမ် (ခေါင်းမိုးအဝိုင်းနဲ့ပြတင်းပေါက်မပါရှိသောမြေစိုက်အိမ်ဖြစ်ပြီး အိမ်ကို သားရေ သို့မဟုတ် သားရေလိုအစတွေနဲ့ ဖုံးအုပ်ထားတဲ့အိမ်) မှာ မိဘများနဲ့တူနေရန် ပြန်ရောက်လာခဲ့ပါတယ်။
ဂျီရယ်ရဲ့ မိဘအိမ်မှာ သူမရောက်ရှိပြီး နာရီအနည်းငယ်အတွင်းမှာ သူမနဲ့တူ သူမမိဘများဟာ အသက်ရှူမဝဘဲ မူးဝေလာရာ အကူအညီခေါ်ခဲ့ပေမယ့် ဂျီရယ်ဟာ ဆေးဝါးအကူအညီရောက်ရှိချိန်မှာ သေဆုံးပြီးဖြစ်ပါတယ်။ အဲဒီနေ့က အစားထိုးလောင်စာတောင့်ကို စတင်သုံးစွဲတဲ့နေ့လို့လည်း သိရပါတယ်။
အစိုးရက ထုတ်လုပ်ထားတဲ့ အစားထိုးလောင်စာကို စတင်သုံးစွဲကတည်းက ဂျီရယ် အပါအဝင် လူပေါင်း ၈ ယောက်သေဆုံးပြီး တစ်ထောင်ခန့်က ကာဗွန်မိုနိုဆိုဒ်အဆိပ်သင့်တဲ့အတွက် ဆေးရုံမှာ ဆေးကုသခံယူ နေရ ပါတယ်။ သေဆုံးသူအများစုဟာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်အရွယ်ကြီးသူတွေ ဖြစ်ကြောင်း သိရပါတယ်။
မွန်ဂိုလီးယားမြို့တော် အူလန်ဘာတာဟ ကမ္ဘာပေါ်မှာ အအေးဆုံးမြို့ဖြစ်ပြီး အဲဒီမှာ နေထိုင်သူတွေရဲ့ တစ်ဝက်ခန့်သာ အပူပေးစက်တွေရှိ ကျန်တစ်ဝက်ဟာ မီးသွေးဖိုနဲ့ နေထိုင်ကြရပါတယ်။
ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းဆုံး မြို့တွေထဲမှာပါဝင်တဲ့ အူလန်ဘာတာမှာ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် နဲ့ အပူချိန် အနှုတ် ၄၀ ဒီဂရီစင်တီဂရိတ်ကို ခံနိုင်ရန် ကျောက်မီးသွေးကို မီးရှို့တာကို အစားထိုးရန်နိုင်အတွက် အစိုးရက အစားထိုးလောင်စာတောင့် အသုံးပြုပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ကြိုးစားနေတာ ဖြစ်ပါတယ်။
အစားထိုးလောင်စာတောင့်က အချိန်ပိုကြာပြီး မီးခိုးနည်းနည်းသာထွက်ကြောင်း အစိုးရအရာရှိတွေ ပြောဆိုသလို အစားထိုးလောင်စာကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးတွေ စတင်တွေ့ရကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။
မွန်ဂိုလီးယားသိပ္ပံအကယ်ဒီကျောင်းက ရူပဗေဒပညာရှင်ကတော့ အစားထိုးလောင်စာက လေထုညစ်ညမ်းမှု လျော့ချနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် လုံခြုံစွာသုံးစွဲနိုင်ရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အစားထိုးလောင်စာက ထူပြီးသိပ်သည်းတဲ့အတွက် သူ့ကို လောင်ကျွမ်းရန် အောက်ဆီဂျင် နှစ်ဆ လိုအပ် ပါတယ်။ သုံးစွဲသူတွေက သာမန် ကျောက်မီးသွေးလို လောင်ကျွမ်းအောင်လုပ်ဆောင်တဲ့အတွက် အောက်ဆီဂျင် ကို ကန့်သတ်မှုရှိတဲ့အခါ ကာဗွန်မိုနိုဆိုဒ်တွေ အဆိပ်သင့်စေပါတယ်လို့ ပြောပါတယ်။
အစိုးရပိုင် အစားထိုးလောင်စာတောင့် စက်ရုံကလည်း သူတို့ထုတ်လုပ်တဲ့ ပစ္စည်းကို အသုံးပြုမယ်ဆိုရင် မီးဖိုးဟောင်းကို သန့်ရှင်းဖို့လိုအပ်ေကြောင်း၊ အခုတော့ မွန်ဂိုလီးယားရိုးရာအိမ်တွေ နဲ့နေထိုင်ရာ ကွန်မြူနစ်တီမှာ မီးဖိုတွေပါစတင်ပေးအပ်နေကြောင်း၊ နောင်ကို မီးခိုးသတိပေးစက်များပေး နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
<<Zawgyi>>
မြန္ဂိုလီးယားေဆာင္းမွာ အေအးဒဏ္ကိုခံနိုင္ရန္ အစားထိုးေလာင္စာသုံးစြဲမွုနဲ႔ ဆက္ႏြယ္ၿပီး ေသဆုံးျခင္းနဲ႔ဖ်ားနာျခင္းမ်ား ျဖစ္ေပၚ
Wednesday , November 20 , 2019
ယခုႏွစ္ေအာက္တိုဘာလမွစၿပီး မြန္ဂိုလီးယားေဆာင္းအေအးဒဏ္ကို ခံနိုင္ရန္ အစားထိုးေလာင္စာေတာင့္ကို စတင္သုံးစြဲလာၾကာပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ ကိုယ္ဝန္ေလးလ ရွိေနၿပီတဲ့ ဂ်ီရယ္ ဂန္ဘာတာဟာ ေအာက္တိုဘာရဲ့ အလြန္ေအးတဲ့ တစ္ညမွာ မြန္ဂိုလီးယားရိုးရာအိမ္ (ေခါင္းမိုးအဝိုင္းနဲ႔ျပတင္းေပါက္မပါရွိေသာေျမစိုက္အိမ္ျဖစ္ၿပီး အိမ္ကို သားေရ သို႔မဟုတ္ သားေရလိုအစေတြနဲ႔ ဖုံးအုပ္ထားတဲ့အိမ္) မွာ မိဘမ်ားနဲ႔တူေနရန္ ျပန္ေရာက္လာခဲ့ပါတယ္။
ဂ်ီရယ္ရဲ့ မိဘအိမ္မွာ သူမေရာက္ရွိၿပီး နာရီအနည္းငယ္အတြင္းမွာ သူမနဲ႔တူ သူမမိဘမ်ားဟာ အသက္ရွူမဝဘဲ မူးေဝလာရာ အကူအညီေခၚခဲ့ေပမယ့္ ဂ်ီရယ္ဟာ ေဆးဝါးအကူအညီေရာက္ရွိခ်ိန္မွာ ေသဆုံးၿပီးျဖစ္ပါတယ္။ အဲဒီေန႔က အစားထိုးေလာင္စာေတာင့္ကို စတင္သုံးစြဲတဲ့ေန႔လို႔လည္း သိရပါတယ္။
အစိုးရက ထုတ္လုပ္ထားတဲ့ အစားထိုးေလာင္စာကို စတင္သုံးစြဲကတည္းက ဂ်ီရယ္ အပါအဝင္ လူေပါင္း ၈ ေယာက္ေသဆုံးၿပီး တစ္ေထာင္ခန႔္က ကာဗြန္မိုနိုဆိုဒ္အဆိပ္သင့္တဲ့အတြက္ ေဆး႐ုံမွာ ေဆးကုသခံယူ ေနရ ပါတယ္။ ေသဆုံးသူအမ်ားစုဟာ ကေလးငယ္ေတြ၊ ကိုယ္ဝန္ေဆာင္ေတြနဲ႔ အသက္အရြယ္ႀကီးသူေတြ ျဖစ္ေၾကာင္း သိရပါတယ္။
မြန္ဂိုလီးယားၿမိဳ႕ေတာ္ အူလန္ဘာတာဟ ကမၻာေပၚမွာ အေအးဆုံးၿမိဳ႕ျဖစ္ၿပီး အဲဒီမွာ ေနထိုင္သူေတြရဲ့ တစ္ဝက္ခန႔္သာ အပူေပးစက္ေတြရွိ က်န္တစ္ဝက္ဟာ မီးေသြးဖိုနဲ႔ ေနထိုင္ၾကရပါတယ္။
ကမၻာေပၚမွာ ေလထုညစ္ညမ္းဆုံး ၿမိဳ႕ေတြထဲမွာပါဝင္တဲ့ အူလန္ဘာတာမွာ ေလထုညစ္ညမ္းမွုကို တိုက္ဖ်က္ရန္ နဲ႔ အပူခ်ိန္ အႏွုတ္ ၄၀ ဒီဂရီစင္တီဂရိတ္ကို ခံနိုင္ရန္ ေက်ာက္မီးေသြးကို မီးရွို႔တာကို အစားထိုးရန္နိုင္အတြက္ အစိုးရက အစားထိုးေလာင္စာေတာင့္ အသုံးျပဳၿပီး ေလထုညစ္ညမ္းမွုကို တိုက္ဖ်က္ရန္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။
အစားထိုးေလာင္စာေတာင့္က အခ်ိန္ပိုၾကာၿပီး မီးခိုးနည္းနည္းသာထြက္ေၾကာင္း အစိုးရအရာရွိေတြ ေျပာဆိုသလို အစားထိုးေလာင္စာေၾကာင့္ သဘာဝပတ္ဝန္းက်င္အေပၚ ေကာင္းက်ိဳးေတြ စတင္ေတြ႕ရေၾကာင္း ကၽြမ္းက်င္သူေတြကေျပာပါတယ္။
မြန္ဂိုလီးယားသိပၸံအကယ္ဒီေက်ာင္းက ႐ူပေဗဒပညာရွင္ကေတာ့ အစားထိုးေလာင္စာက ေလထုညစ္ညမ္းမွု ေလ်ာ့ခ်နိုင္ရန္ အေကာင္းဆုံးနည္းလမ္းျဖစ္ေပမယ့္ လုံျခဳံစြာသုံးစြဲနိုင္ရန္ ပိုမိုလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း၊ အစားထိုးေလာင္စာက ထူၿပီးသိပ္သည္းတဲ့အတြက္ သူ႔ကို ေလာင္ကၽြမ္းရန္ ေအာက္ဆီဂ်င္ ႏွစ္ဆ လိုအပ္ ပါတယ္။ သုံးစြဲသူေတြက သာမန္ ေက်ာက္မီးေသြးလို ေလာင္ကၽြမ္းေအာင္လုပ္ေဆာင္တဲ့အတြက္ ေအာက္ဆီဂ်င္ ကို ကန႔္သတ္မွုရွိတဲ့အခါ ကာဗြန္မိုနိုဆိုဒ္ေတြ အဆိပ္သင့္ေစပါတယ္လို႔ ေျပာပါတယ္။
အစိုးရပိုင္ အစားထိုးေလာင္စာေတာင့္ စက္႐ုံကလည္း သူတို႔ထုတ္လုပ္တဲ့ ပစၥည္းကို အသုံးျပဳမယ္ဆိုရင္ မီးဖိုးေဟာင္းကို သန႔္ရွင္းဖို႔လိုအပ္ေေၾကာင္း၊ အခုေတာ့ မြန္ဂိုလီးယားရိုးရာအိမ္ေတြ နဲ႔ေနထိုင္ရာ ကြန္ျမဴနစ္တီမွာ မီးဖိုေတြပါစတင္ေပးအပ္ေနေၾကာင္း၊ ေနာင္ကို မီးခိုးသတိေပးစက္မ်ားေပး နိုင္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။
Ref-#MDN #AFP #Myanmar_Online_News #မြန္ဂိုလီးယား #အစားထိုးေလာင္စာေတာင့္
<<Zawgyi>>
0 comments:
Post a Comment