မြန်မာနိုင်ငံက “ လူမျိုးသုဉ်းရာဇဝတ်မှု့ကျူးလွန်သည်ကို ကွန်ဗင်းရှင်းအရ တားဆီးရန်နှင့် အပြစ်ပေးအရေးယူပေးပါရန် " နယ်သာလန်နိုင်ငံ ရှိ ဟိဂ်မြို့အခြေစိုက် နိုင်ငံတကာတရားခုံရုံး ( ICJ )" တွင် OIC အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက လျှောက်ထားလာသဖြင့် လာမည့် ဒီဇင်ဘာလတွင် စတင်ကြားနာမည်ဟု ICJ က ယမန်နေ့ သတင်းထုတ်ပြန်သည်။
ကြားနာမည့်အစီအစဉ်တွင်
- ပထမအချီ နှုတ်ဖြင့် လေ့လာသုံးသပ်ရန်အတွက် ဒီဇင်ဘာ ၁၀-ရက်၊ ၂၀၁၉ ( နံနက် ၁၀ - နာရီ မှ မွန်းလွဲ ၁-နာရီထိ ) ဂမ်ဘီယာနိုင်ငံက ထွက်ဆိုရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံက ဒီဇင်ဘာ ၁၁- ရက်၊ ၂၀၁၉ ( နံနက် ၁၀ - နာရီ မှ မွန်းလွဲ ၁-နာရီထိ ) ထွက်ဆိုရမည်ဖြစ်သည်။
- ဒုတိယအချီ နှုတ်ဖြင့် လေ့လာသုံးသပ်ရန်အတွက် ဒီဇင်ဘာ ၁၂-ရက်၊ ၂၀၁၉ ( နံနက် ၁၀ - နာရီမှ ၁၁း၃၀-နာရီထိ ) ဂမ်ဘီယာနိုင်ငံက ထွက်ဆိုရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံက ညနေ ၄း၃၀ - နာရီမှ ညနေ ၆-နာရီထိ ) ထွက်ဆိုရမည်ဖြစ်သည်။
(( ယခုအမှု့တွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည်မှာ Genocide ဂျီနိုဆိုက်ကျူးလွန်မှုဖြစ်သည်။ Genocide ကို လူမျိုးတုန်းသတ်ဖြတ်သည်ဟု ဖော်ပြလေ့ရှိရာ အမှန်တကယ်တွင် “ သတ်သည်” ဟု တစ်ထစ်ချ မဆိုလိုချေ။ တိုတိုပြောရလျှင် ၁၉၄၈-ခုနှစ် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ အချက်အလက်များနှင့် ကိုက်ညီလျှင် Genocide ကျူးလွန်မှု့မြောက်သည်။ “ လူမျိုးသုဉ်းပြုသည် “ ဆိုလျှင် ဆီလျှော်မည်ထင်ပါသည်။
ထို့ကြောင့် ကုလအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနမ်က ရခိုင်ကော်မရှင်အတွက် ကွင်းဆင်း ကြည့်ရှုလေ့လာပြီး “ ဂျီနိုဆိုက်ဟူ၍ အလွယ်မသုံးသင့် “ မှတ်ချက်ပြုခဲ့ဖူးသည်။
ကိုဖီအာနမ်ပြောသည်မှာ ၂၀၁၆-ဒီဇင်ဘာတွင်ဖြစ်၍ နောက်ပိုင်း Genocide ကို များများမသုံးတော့ပဲ Ethnic Cleansing ဟု ပြောင်းလဲ ပြောဆိုကြသည်။ သို့သော် ၂၀၁၇-သြဂုတ်နောက်ပိုင်း လေသံပြန်ထွက်လာသည်။ ၂၀၁၈ သြဂုတ်လ ကိုဖီအာနမ်ကွယ်လွန်ပြီးနောက် ပိုမိုကျယ်လောင်လာယုံမက ယခုမူကား Genocide ဖြင့် တရားစွဲခံနေရလေ၏။
ICJ သည် ကုလသမဂ္ဂပဋိဉာဉ်အရ ဖွဲ့စည်းထားသော တရားရုံးဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံအချင်းချင်း အငြင်းပွားရာတွင် ဥပဒေကြောင်းအရ ကြားဝင်ဆုံးဖြတ်ပေးသော တရားရုံးဖြစ်သည်။ ကျွန်တော်တို့ဆီက တရားမရုံးများနှင့် ခပ်ဆင်ဆင်တူသည်။ သို့သော် မျက်မှောက်ကာလတွင် ICJ သည် “ အကြမ်းဖက်မှု့ “ “ ဂျီနိုဆိုက်ကျူးလွန်မှု့ “ စွပ်စွဲချက်များ၌လည်း ကြားနာစီရင်ကြောင်း တွေ့ရသည်။
၂၀၀၇-ခုနှစ်တွင် ဘော့ဇနီးယား- ဟာဇီဂိုဗီးနားအား ဂျီနိုဆိုက်ကျူးလွန်သည်ဟု စွဲဆိုချက်ကို ကြားနာခဲ့ပြီးနောက် အချက်အလက်မပြည့်စုံဟုဆိုကာ အမှုကို လျှော်ပစ်ခဲ့ဖူးသည်။
ဘင်္ဂါလီဒုက္ခသည်တို့အပေါ် မြန်မာက ဂျီနိုဆိုက်ကျူးလွန်ကြောင်း စွပ်စွဲချက်များမှာ အလွန်များသည်။ ၂၀၁၇-ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့ ရခိုင်မြောက်ဖျားပိုင်း စစ်ရေးဖြိုခွင်းမှု့တွင် မြန်မာစစ်ဖက်နှင့်အတူ ဗုဒ္ဓဘာသာရခိုင်အစွန်းရောက်များက ကျေးရွာနှင့် စျေးဆိုင်များအား မီးတင်ရှို့ခြင်း၊ အစုအပုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ ကျူးလွန်သည်ဟု စွပ်စွဲချက် ထွက်ပေါ်သည်။ ဒုက္ခသည်ဘင်္ဂါလီ ၂၄,၀၀၀ ခန့် အသတ်ခံရပြီး ၊ အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ဒုက္ခသည်ဘင်္ဂါလီမိန်းမပေါင်း ၁၈,၀၀၀၊ မီးပုံအတွင်းပစ်ချခံရသူ ၃၆,၀၀၀၊ ရိုက်နှက်ခံရသူ ၁၁၆,၀၀၀ ရှိသည်ဆို၏။
ယခုကဲ့သို့ စွပ်စွဲရာတွင် ဂျာနယ်လစ်တို့ ရေးသားချက်များမှ ရယူထားသည်လည်းပါဝင်သည်။ Al Jazeera ရေးသားသည့်အတိုင်း မြန်မာစစ်သားများက ယောက်ျားချင်း မုဒိန်းကျင့်သည်ဆိုခြင်း၊ ကုလအချက်အလက် ရှာဖွေရေးမစ်ရှင် FFM ၏ LGBT များကိုလည်း မုဒိန်းကျင့်သည်ဆိုခြင်း ( မြန်မာမြို့ကြီးများ၌ပင် ၎င်းအရေအတွက် အလွန်နည်းတတ်ပါသဖြင့်) နားလည်ရန်ခက်ခဲသည်။ ထို့ပြင် သေနတ်၊ မီးလောင်ဒါဏ်ရာရှိသည်ဆိုသူများမှာလည်း သြဂုတ် ၂၅ ရက် ဘူးသီးတောင်၊ မောင်တောမြို့နယ်၌ ကလေးငယ်များရှေ့တန်းတင်၍ နယ်ခြားလုံခြုံရေးစခန်းတို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် အကြမ်းဖက်သမားများ ဟုတ်-မဟုတ် မသဲကွဲလှချေ။ သိသမျှတော့ ကျွန်တော်တို့ဖက်တွင် ဓါတ်ပုံ၊ ရုပ်သံ အထောက်အထားများရှိနေသည်။
ICJ သည် ရဲတပ်ဖွဲ့လက်ကိုင်မရှိ၊ အချုပ်ခန်း-အကျဉ်းထောင်မရှိချေ။ သို့သော် လိုအပ်လျှင် နိုင်ငံတကာအဖွဲ့ အစည်းများထံ အကူအညီတောင်းနိုင်၊ သုံးသပ်ချက်နှင့်အတူ ဆက်လက်ပေးပို့နိုင်သည်။
OIC သည် ရခိုင်မြောက်ဖျား ဒုက္ခသည်ဘင်္ဂါလီများအား နိုင်ငံသားပေးရန် ကုလသမဂ္ဂ၌ မဲခွဲအနိုင်ရခဲ့ဖူးသည်။ ကော့ခ်ဘဇားရောက်ရှိနေသူများကလည်း လူမျိုးတစ်မျိုးအမည်နှင့် တိုင်းရင်းသားအဖြစ် နိုင်ငံသားပေးမှ ပြန်လာမည်ဟု ဆိုနေသည်။
အများသိကြသည့်အတိုင်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးသမားများသာမက၊ အုပ်ချုပ်ရေးပိုင်းပါ အလုပ်များနေကြချိန်ဖြစ်ပါသည်။ ထိုသို့သော အချိန်တွင် အာဂျင်တီးနားဖက်ဒရယ်တရားရုံးရောက် အမှုအပါဝင် အလွန်ကြီးလေးသည့် စွပ်စွဲချက်ဖြင့် စွဲဆိုလာသည်ကို သတိထားမိပါသည်။ ဆိုလိုသည်မှာ တောင်းဆိုချက်များအတိုင်း မဖြစ်မနေ အရယူမည်ဖြစ်ပြီး၊ ဟန့်တားနိုင်ခွင့်ရှိသည့် နိုင်ငံ့ခေါင်းဆောင်များကို အဝါကတ် ပြလိုက်သည်နှင့်တူနေပါသည်။ ထို့ပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို တရားစွဲလိုက်ခြင်းနှင့်လည်း မခြားရှိနေသည်။
တရားကို နတ်စောင့်သည်ဖြစ်၍ ယခု ICJ တွင် ကျွန်တော်များဖက်ကလည်း အခိုင်အမာ ချေပနိုင်မည့်အပြင်၊ ယခင် နိုင်ငံတကာအမှတ်မှားနေကြသည်တို့ကိုလည်း ဖြေရှင်းပြီးရာရောက်မည်ဟု မျှော်လင့်မိပါသည်။
Ref-#HtayOung #OungMarine
<<Zawgyi>>
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံမှတရားစွဲဆိုထားမှု့ နိုင်ငံတကာတရားခုံရုံး ICJ မှစတင် ကြားနာရက် သတ်မှတ်။
Tuesday, November 19 , 2019

0 comments:
Post a Comment