Sunday, November 3, 2019

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ပြန်လွှတ်ပေးရန် NLD တောင်းဆို

Image may contain: 1 person, hat

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ် NLD အမျိူးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကို အေအေလက်နက်ကိုင်အဖွဲ့က မနေ့က လမ်းခုလတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်အထိကျန်သူများကိုသာလွှတ်ပေးပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ပြန်မလွှတ်သေးသည့်ကိစ္စနှင့် ပတ်သတ်ပြီး NLD ပါတီက အမြန်ဆုံးပြန်လွှတ်ပေးရန် NLDက တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

“ဘယ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်မို့လို့ခုလို ပြောတာမဟုတ်ပါဘူး။ ညီနောင်တိုင်းရင်းသားတွေအချင်းချင်းတွေပဲ ဖြစ်ကြတာမို့ ညှိနှိုင်းကြမယ်။ ဆွေးနွေးကြမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ကြမယ်။ ဒီနည်းလမ်းတွေပဲ လုပ်ဆောင်သင့်ပါတယ်။ ခုလိုမျိုးအကြမ်းဖက်၊ ခြိမ်းခြောက်၊ အကြပ်ကိုင်သည့် နည်းလမ်းများမသုံးသင့်ပါဘူး။ အမြန်ဆုံး ဖမ်းထားတဲ့သူကို ပြန်လွှတ်ပေးပါလို့ ပဲ ပြောချင်ပါတယ်“ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောကြားခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့်အဖွဲ့ထဲမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှလွဲ၍ ကျန်သူများအားလုံး ယနေ့မနက် ၈နာရီတွင် ရခိုင်ပြည်နယ်ကျောက်တော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရှိရသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်ကျောက်တော်သို့ ရောက်ရှိလာသည့် ပြန်လွတ်လာသူများထဲမှ အိန္ဒိယ နိုင်ငံသား ၅ ဦးအနက် Mr vinoo Gopal (RPP ကုမ္ပဏီ)ဆိုသူမှာ ဖမ်းဆီးခေါ်ဆောင်သွားစဉ် အမောဖောက်ကာ သေဆုံးသွားခဲ့ပြီး ၎င်းရုပ်အလောင်းကို အေအေက ပြန်ထည့်ပေးလိုက်သည်ကြောင်း သိရှိရသည်။

<zawgyi>
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ပြန်လွှတ်ပေးရန် NLD တောင်းဆို
Monday , November 4 , 2019

0 comments:

Post a Comment