Saturday, April 25, 2020

မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ဦးနှောက်အလုပ်မလုပ်တော့သည့် အခြေအနေတွင်ရှိနေကြောင်း ဂျပန်သတင်းမီဒီယာများ၌ ဖော်ပြ


Image may contain: 1 person, sitting
မြောက်ကိုးရီးယားခေါင်းဆောင်ကန်ဂျုံအန်းကို ကုသပေးနေသည့် ဆေးဘက်ဆိုင်ရာအဖွဲ့အားကိုးကား၍ အသက် ၃၆ နှစ်အရွယ်ရှိသည့် ကင်ဂျုံအန်းသည် ရှေ့ပိုင်းခွဲစိတ်ကုသမှု မအောင်မြင်ခြင်းကြောင့် ဦးနှောက်အလုပ်မလုပ်တော့သည့်အခြေအနေတွင်ရှိကြောင်း ဂျပန်မီဒီယာများကဖော်ပြနေကြသည်။
ကင်ဂျုံအန်း၏ကျန်းမာရေးနှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသည့် ကာလတွင် ဂျပန်အပတ်စဉ်ထုတ်မဂ္ဂဇင် Shukan Gendai မှ တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုးရီးယားသို့ထွက်ခွာခဲ့သည့်အကြောင်းကို ဧပြီလ ၂၄ ရက် သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ကင်ဂျုံအန်းသည် ယခုလအစောပိုင်းက ကျေးလက်ဒေသသို့အလည်အပတ် သွားရောက်စဉ် ၎င်း၏ရင်ဘတ်အား ဆုပ်ကိုင်၍ မြေပေါ်သို့ လဲကျသွားခဲ့သောကြောင့် ကင်နှင့်အတူလိုက်ပါလာသည့်ဆရာဝန်မှCPR(နှလုံးအဆုတ်ပြန်လည်နိုးဆွခြင်း)ကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပြီး ကင်၏အရေးပေါ်အခြေအနေအတွက် အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးမှပြောကြားခဲ့သည်။
မြောက်ကိုးရီးယားဆရာဝန်များသည်တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့မရောက်ခင်က ကင်ဂျုံအန်းအား နှလုံးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော်လည်း ကင်၏အဝလွန်ခြင်း နှင့် ဆရာဝန်များ၏စိုးရိမ်ပူပန်ခြင်းများကြောင့် ကင်ဂျုံအန်းအား ရောဂါသစ်ထပ်တိုစေခဲ့သည်။ ထို့ကြောင့်မြောက်ကိုးရီးယားဆရာဝန်များမှ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့အား အကူအညီ ပေးရန် တောင်းဆိုခဲ့ကြသည်။
ကင်ဂျုံအန်း၏ကျန်းမာရေး အကြံပေးရန်ဟုယူဆရသည့်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာန၏ ထိပ်တန်းတာဝန်ရှိသူများသည် ဧပြီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြောက်ကိုးရီးယားသို့ ထွက်ခွာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါသည်။
မြောက်ကိုးရီးနိုင်ငံမှထွက်ပြေးလွှတ်မြောက်သူများ တည်ထောင်ထားသော တောင်ကိုးရီးယာအခြေစိုက် Daily NK သတင်းတွင် ကင်သည် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့ပါသည်။
Source - Taiwannews
#Myanmar_Online_News
>>zawgyi<<
မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ဦးနှောက်အလုပ်မလုပ်တော့သည့် အခြေအနေတွင်ရှိနေကြောင်း ဂျပန်သတင်းမီဒီယာများ၌ ဖော်ပြ
Saturaday, April 25, 2020

မြောက်ကိုးရီးယားခေါင်းဆောင်ကန်ဂျုံအန်းကို ကုသပေးနေသည့် ဆေးဘက်ဆိုင်ရာအဖွဲ့အားကိုးကား၍ အသက် ၃၆ နှစ်အရွယ်ရှိသည့် ကင်ဂျုံအန်းသည် ရှေ့ပိုင်းခွဲစိတ်ကုသမှု မအောင်မြင်ခြင်းကြောင့် ဦးနှောက်အလုပ်မလုပ်တော့သည့်အခြေအနေတွင်ရှိကြောင်း ဂျပန်မီဒီယာများကဖော်ပြနေကြသည်။
ကင်ဂျုံအန်း၏ကျန်းမာရေးနှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသည့် ကာလတွင် ဂျပန်အပတ်စဉ်ထုတ်မဂ္ဂဇင် Shukan Gendai မှ တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုးရီးယားသို့ထွက်ခွာခဲ့သည့်အကြောင်းကို ဧပြီလ ၂၄ ရက် သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ကင်ဂျုံအန်းသည် ယခုလအစောပိုင်းက ကျေးလက်ဒေသသို့အလည်အပတ် သွားရောက်စဉ် ၎င်း၏ရင်ဘတ်အား ဆုပ်ကိုင်၍ မြေပေါ်သို့ လဲကျသွားခဲ့သောကြောင့် ကင်နှင့်အတူလိုက်ပါလာသည့်ဆရာဝန်မှCPR(နှလုံးအဆုတ်ပြန်လည်နိုးဆွခြင်း)ကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပြီး ကင်၏အရေးပေါ်အခြေအနေအတွက် အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးမှပြောကြားခဲ့သည်။
မြောက်ကိုးရီးယားဆရာဝန်များသည်တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့မရောက်ခင်က ကင်ဂျုံအန်းအား နှလုံးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော်လည်း ကင်၏အဝလွန်ခြင်း နှင့် ဆရာဝန်များ၏စိုးရိမ်ပူပန်ခြင်းများကြောင့် ကင်ဂျုံအန်းအား ရောဂါသစ်ထပ်တိုစေခဲ့သည်။ ထို့ကြောင့်မြောက်ကိုးရီးယားဆရာဝန်များမှ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့အား အကူအညီ ပေးရန် တောင်းဆိုခဲ့ကြသည်။
ကင်ဂျုံအန်း၏ကျန်းမာရေး အကြံပေးရန်ဟုယူဆရသည့်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာန၏ ထိပ်တန်းတာဝန်ရှိသူများသည် ဧပြီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြောက်ကိုးရီးယားသို့ ထွက်ခွာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါသည်။
မြောက်ကိုးရီးနိုင်ငံမှထွက်ပြေးလွှတ်မြောက်သူများ တည်ထောင်ထားသော တောင်ကိုးရီးယာအခြေစိုက် Daily NK သတင်းတွင် ကင်သည် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့ပါသည်။
Source - Taiwannews

0 comments:

Post a Comment