Saturday, April 25, 2020

ထိုင်း၌ မြန်မာအလုပ်သမား ၃၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ

Image may contain: 2 people

ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တာဝီဆင်ဗီဆနူယိုသင်သည် ယနေ့ နံနက် ၁၁နာရီခွဲ အချိန်၌ ပြုလုပ်သည့်ကူးစက်ရောဂါအခြေနေသတင်းထုတ်ပြန်ချက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၃ ဦး ထပ်မံတွေ့ရှိကြောင်းပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင် ဆုန်ခလာခရိုင်ရှိ စဒေါင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်ရေးစင်တာတွင် မြန်မာအလုပ် သမားအပါဝင်နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား(၄၂)ဦးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိစစ်ဆေးရာ အကုန်လုံး၌ ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့သို့တွေ့ရှိသည့် မြန်မာအလုပ်သမား ၃၄ ဦးသည် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတဆင့်ဝင်ရောက်ခဲ့ရာ အဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်းလွှဲပြောင်းခဲ့သူများဖြစ်ကြောင်း ရောဂါပိုးတွေ့ရှိသည့် နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းနိုင်ငံသားနှင့် တန်းတူဆေးကုသမှုပေးမည်ဖြစ်ကြောင်း မစ္စတာ တာဝီဆင် ဗီဆနူယိုသင်ကဆက်လက်ပြောကြားသည်။

ယခုအခါ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၉၀၇ ဦးရှိပြီး၂၅၄၇ ဦး ပြန်လည်ကျန်းမာလာခဲ့ကြောင်း၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၃၀၉ဦး နှင့် သေဆုံးသူ ၅၁ဦးရှိကြောင်း သိရသည်။
မြန်မာအလုပ်သမားများရောဂါကူးစက်ခံရမှုအခြေနေများမှာယခင်သတင်းထုတ်ပြန်ချက်များအရ ၁၇ဦးတွေ့ရှိခဲ့ရာမှ ယနေ့ ၃၄ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ယခုအခါ မြန်မာ အလုပ်သမား စုစုပေါင်း ၅၁ ဦး ထိ ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်.။
Source - Labour Hittai
<zawgyi>
ထိုင်း၌ မြန်မာအလုပ်သမား ၃၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ
Saturday, April 25, 2020

ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တာဝီဆင်ဗီဆနူယိုသင်သည် ယနေ့ နံနက် ၁၁နာရီခွဲ အချိန်၌ ပြုလုပ်သည့်ကူးစက်ရောဂါအခြေနေသတင်းထုတ်ပြန်ချက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၃ ဦး ထပ်မံတွေ့ရှိကြောင်းပြောကြားသည်။
ထိုင်းနိုင်ငံ တောင်ပိုင် ဆုန်ခလာခရိုင်ရှိ စဒေါင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်ရေးစင်တာတွင် မြန်မာအလုပ်သမားအပါဝင်နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား(၄၂)ဦးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိစစ်ဆေးရာ အကုန်လုံး၌ ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့သို့တွေ့ရှိသည့် မြန်မာအလုပ်သမား ၃၄ ဦးသည် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတဆင့်ဝင်ရောက်ခဲ့ရာ အဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်းလွှဲပြောင်းခဲ့သူများဖြစ်ကြောင်း ရောဂါပိုးတွေ့ရှိသည့် နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းနိုင်ငံသားနှင့် တန်းတူဆေးကုသမှုပေးမည်ဖြစ်ကြောင်း မစ္စတာ တာဝီဆင် ဗီဆနူယိုသင်ကဆက်လက်ပြောကြားသည်။

ယခုအခါ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၉၀၇ ဦးရှိပြီး၂၅၄၇ ဦး ပြန်လည်ကျန်းမာလာခဲ့ကြောင်း၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၃၀၉ဦး နှင့် သေဆုံးသူ ၅၁ဦးရှိကြောင်း သိရသည်။
မြန်မာအလုပ်သမားများရောဂါကူးစက်ခံရမှုအခြေနေများမှာယခင်သတင်းထုတ်ပြန်ချက်များအရ ၁၇ဦးတွေ့ရှိခဲ့ရာမှ ယနေ့ ၃၄ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ယခုအခါ မြန်မာ အလုပ်သမား စုစုပေါင်း ၅၁ ဦး ထိ ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်.။
Source - Labour Hittai

0 comments:

Post a Comment