တရုတ်အစိုးရဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအတွက် ဆေးဘက်ဆိုင်ရာ အဖွဲ့တဖွဲ့ကို စေလွှတ်ပေးထားတယ်လို့ သိရပါတယ်။ တရုတ်ဘက်ကနေ ဒီလို ဆရာဝန်တွေနဲ့ အရာရှိတွေ ပါဝင်တဲ့အဖွဲ့တဖွဲ့ မြောက်ကိုရီးယားကို ထွက်ခွာသွားတဲ့အပေါ် သတင်းတွေ မျိုးစုံထွက်နေပါတယ်။ အဲဒီအဖွဲ့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုး ခံစားနေရတယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို ကုသဖို့လား ဆိုတာလည်း သတင်းတွေမှာ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်သေးပါဘူး။
မြောက်ကိုရီးယား အရေးအတွက် အဓိကကိုင်တွယ်ရတဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ ဧပြီ ၂၃ ရက်က တရုတ်ကနေ မြောက်ကိုရီးယားကို ထွက်သွားတယ်လို့ သိရပါတယ်။အဲဒီနေ့မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ သတင်းတွေထွက်နေတာ မဟုတ်မှန်လောက်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဟာ ကင်ဂျုံအန်းရဲ့ သွားလာမှုနဲ့ပတ်သက်လို့ နောက်ဆုံး ဖော်ပြခဲ့တာ ဧပြီ ၁၁ ရက်နေ့က ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
source - DVB
<zawgyi>
တရုတ်အစိုးရဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကျန်းမာရေးအတွက် ဆေးအဖွဲ့ စေလွှတ်
Saturday, April 25, 2020
တရုတ်အစိုးရဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအတွက် ဆေးဘက်ဆိုင်ရာ အဖွဲ့တဖွဲ့ကို စေလွှတ်ပေးထားတယ်လို့ သိရပါတယ်။ တရုတ်ဘက်ကနေ ဒီလို ဆရာဝန်တွေနဲ့ အရာရှိတွေ ပါဝင်တဲ့အဖွဲ့တဖွဲ့ မြောက်ကိုရီးယားကို ထွက်ခွာသွားတဲ့အပေါ် သတင်းတွေ မျိုးစုံထွက်နေပါတယ်။ အဲဒီအဖွဲ့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုး ခံစားနေရတယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို ကုသဖို့လား ဆိုတာလည်း သတင်းတွေမှာ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်သေးပါဘူး။
မြောက်ကိုရီးယား အရေးအတွက် အဓိကကိုင်တွယ်ရတဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ ဧပြီ ၂၃ ရက်က တရုတ်ကနေ မြောက်ကိုရီးယားကို ထွက်သွားတယ်လို့ သိရပါတယ်။အဲဒီနေ့မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ သတင်းတွေထွက်နေတာ မဟုတ်မှန်လောက်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဟာ ကင်ဂျုံအန်းရဲ့ သွားလာမှုနဲ့ပတ်သက်လို့ နောက်ဆုံး ဖော်ပြခဲ့တာ ဧပြီ ၁၁ ရက်နေ့က ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
source - DVB
0 comments:
Post a Comment