မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ COVID-19 ရောဂါ သံသယလူနာတွေထဲက (၇)ယောက်ဟာ ဧပြီလ (၂၄) ရက်က သေဆုံးသွားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောပါတယ်။
ဒါဟာ ဆေးရုံကြီးအနေနဲ့ စောင့်ကြည့်နေတဲ့ သံသယလူနာတွေထဲက တစ်ရက်အတွင်းသေဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ သေဆုံးသူ (၃၉)ယောက်ရှိပြီလို့ ဆိုပါတယ်။ “လာတဲ့လူနာတွေထဲကနေ ကိုယ်ခံအား နည်းတယ်၊ အခံရောဂါတွေ ရှိတယ်ဆိုရင် COVID သံသယလူနာထဲထည့်ပြီး စောင့်ကြည့်တာပေါ့။ သီးသန့်ဆောင်မှာ ထားပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ လာကြည့်ပေးတယ်။ အခုသေဆုံးတဲ့သူတွေက သူတို့မှာ နဂိုကတည်းက အခံရောဂါရှိပြီး တော့လာရောက်ရင်းဆုံးတာပါ”လို့ ဒေါက်တာ စုစုဒွေး ကပြောပါတယ်။
အဲဒီသေဆုံးလူနာတွေဟာ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်း မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ တန့်ဆည်မြို့နယ်တို့ကဖြစ်ပြီး အမျိုးသား (၄) ယောက်နဲ့ အမျိုးသမီး(၃)ယောက်လို့ဆိုပါတယ်။ အခုသေဆုံးသွားတဲ့ (၇)ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို COVID 19 ရောဂါ ရှိ/မရှိ ဓါတ်ခွဲအတည်ပြုဖို့အတွက် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုပေးပို့ထားတယ်လို့ ဆိုပါတယ်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအနေနဲ့ COVID-19 သံသယစောင့်ကြည့်လူနာတွေကို လက်ရှိ အချိန်ထိ လူနာပေါင်း(၂၇၀)ကျော်စောင့်ကြည့်ခဲ့တဲ့အထဲမှာ (၁၆၀)ကျော်ဟာ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောပါတယ်။ လက်ရှိဆေးရုံမှာ စောင့်ကြည့်လူနာ (၇၂) ယောက်ရှိနေပါတယ်။
Ref ; One News Myanmar
<zawgyi>
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID-19 သံသလူနာ (၇) ဦးသေဆုံး
Saturday, April 25, 2020
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ COVID-19 ရောဂါ သံသယလူနာတွေထဲက (၇)ယောက်ဟာ ဧပြီလ (၂၄) ရက်က သေဆုံးသွားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောပါတယ်။ ဒါဟာ ဆေးရုံကြီး အနေနဲ့ စောင့်ကြည့်နေတဲ့ သံသယလူနာတွေထဲက တစ်ရက်အတွင်းသေဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ သေဆုံးသူ (၃၉)ယောက်ရှိပြီလို့ ဆိုပါတယ်။ “လာတဲ့လူနာတွေထဲကနေ ကိုယ်ခံအား နည်းတယ်၊ အခံရောဂါတွေ ရှိတယ်ဆိုရင် COVID သံသယလူနာထဲထည့်ပြီး စောင့်ကြည့်တာပေါ့။ သီးသန့်ဆောင်မှာ ထားပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ လာကြည့်ပေးတယ်။ အခုသေဆုံးတဲ့သူတွေက သူတို့မှာ နဂိုကတည်းက အခံရောဂါရှိပြီး တော့လာရောက်ရင်းဆုံးတာပါ”လို့ ဒေါက်တာ စုစုဒွေး ကပြောပါတယ်။
အဲဒီသေဆုံးလူနာတွေဟာ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်း မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ တန့်ဆည်မြို့နယ်တို့ကဖြစ်ပြီး အမျိုးသား (၄) ယောက်နဲ့ အမျိုးသမီး(၃)ယောက်လို့ဆိုပါတယ်။ အခုသေဆုံးသွားတဲ့ (၇)ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို COVID 19 ရောဂါ ရှိ/မရှိ ဓါတ်ခွဲအတည်ပြုဖို့အတွက် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုပေးပို့ထားတယ်လို့ ဆိုပါတယ်။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအနေနဲ့ COVID-19 သံသယစောင့်ကြည့်လူနာတွေကို လက်ရှိ အချိန်ထိ လူနာပေါင်း(၂၇၀)ကျော်စောင့်ကြည့်ခဲ့တဲ့အထဲမှာ (၁၆၀)ကျော်ဟာ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောပါတယ်။ လက်ရှိဆေးရုံမှာ စောင့်ကြည့်လူနာ (၇၂) ယောက်ရှိနေပါတယ်။
Ref ; One News Myanmar
0 comments:
Post a Comment