ကိုရိုနာဗိုင်းရပ်စ်သစ်ကို နေရောင်ခြည်က အလျင်အမြန် ဖျက်ဆီးပစ်ကြောင်း သုတေသနသစ်တစ်ခုကို ကိုးကားပြီး အမေရိကန်တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၃ တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းလေ့လာမှုသည် အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုရသေးဘဲ ပြင်ပသုံးသပ်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
အမိမြေလုံခြုံရေးဌာန၏သိပ္ပံနှင့် နည်းပညာအကြံပေး ဝီလျံဘရိုင်ရန်က ခရမ်းလွန် ရောင်ခြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်ကြောင်း အစိုးရသိပ္ပံပညာရှင်များက တွေ့ရှိထားသည်ဟု အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် နွေရာသီတွင် ဗိုင်းရပ်စ်ကူးစက်မှု လျော့ပါးသွားနိုင်ကြောင်း မျှော်လင့်ချက်များ ရှိလာစေခဲ့သည်။
“ဒီနေ့အထိ ကျွန်တော်တို့ အားတက်စရာ အကောင်းဆုံး လေ့လာတွေ့ရှိချက်က နေရောင် ခြည်ဟာ ဗိုင်းရပ်စ်ကို မျက်နှာပြင်ပေါ်မှာရော လေထဲမှာပါ သေစေနိုင်တယ် ဆိုတာပါပဲ” ဟု ဝီလျံဘရိုင်ရန်က ပြောကြားခဲ့သည်။
ယင်းလေ့လာချက်ကို ပြန်လည်သုံးသပ်ရန် တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် သီးခြားလွတ်လပ်သည့် သိပ္ပံပညာရှင်များက ထိုလေ့လာမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ခက်ခဲစေသည်။
ခရမ်းလွန်ရောင်ခြည်တွင် ဗိုင်းရပ်စ်၏ဗီဇပစ္စည်းများနှင့်ပုံတူပွားနိုင်စွမ်းကို ပျက်စီးနိုင်စွမ်းရှိကြောင်း သိထားသည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း စမ်းသပ်မှုတွင် အသုံးပြုခဲ့သော ခရမ်းလွန်ရောင်ခြည်၏လှိုင်းအလျားနှင့် ပြင်းအားကို မည်မျှသတ်မှတ်ထားသည်ကို မသိရဘဲ နွေရာသီ၏သဘာဝအလင်းရောင် အခြေအနေကို အတိအကျ တုပနိုင် ခြင်း ရှိ၊ မရှိက မေးခွန်းထုတ်စရာ ဖြစ်သည်။
မေရီလန်းရှိ အမျိုးသားဇီဝကာကွယ်ရေး လေ့လာသုံးသပ်မှုစင်တာ၌ ဆောင်ရွက်ခဲ့သော လေ့လာမှု၏အဓိက တွေ့ရှိချက်များကို ဘရိုင်ရန်က မျှဝေခဲ့သည်။
စိမ့်ဝင်နိုင်မှု မရှိသော မျက်နှာပြင်တွင် စိုထိုင်းဆ ၂၀ ရာခိုင်နှုန်းနှင့် အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်မှ ၂၄ စင်တီဂရိတ်အတွင်း ရှိချိန်၌ ဗိုင်းရပ်စ်၏ဇီဝ သက်တမ်းတစ်ပိုင်း (ဗိုင်းရပ်စ်ပမာဏကို ထက်ဝက်လျှော့ချရန် ကြာချိန်) သည် ၁၈ နာရီဖြစ်ကြောင်း လေ့ လာတွေ့ရှိချက်များက ဖော်ပြခဲ့သည်။ ထိုသို့ အခြေအနေရှိသည့်ပစ္စည်းများတွင် တံခါး လက်ကိုင်များ၊ သံမဏိကဲ့သို့ အရာများ ပါဝင် သည်။
ဗိုင်းရပ်စ်သည် လေထဲတွင် ရှိနေစဉ် ဒြပ်ဝတ္ထုပစ္စည်းများ၌ ပျက်စီးနိုင်ခြေရှိမှုကို လည်း လေ့လာမှုက စမ်းသပ်ခဲ့သည်။ လေ တွင်းမှ ပျံ့နှံ့သော ဗိုင်းရပ်စ်သည် အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်နှင့် ၂၄ စင်တီဂရိတ် အကြား၌ နေရောင်ခြည်နှင့်ထိတွေ့လျှင် ဗိုင်းရပ်စ်၏ဇီဝသက်တမ်းသက်သည် မထိ တွေ့မီက မိနစ် ၆၀ ခန့်ရှိရာမှ ထိတွေ့ပြီး နောက် ၁.၅ မိနစ်သို့လျော့ကျသွားကြောင်း လေ့လာမှုကတွေ့ရှိခဲ့သည်။
လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်း မြင့် တက်ချိန်တွင် ဗိုင်းရပ်စ်၏ဇီဝသက်တမ်းဝက် သည် ၆ နာရီသို့ ကျဆင်းသွားကြောင်း၊ ထို အခြေအနေတွင် နေရောင်ကို ထပ်ပေါင်း ပါက ဗိုင်းရပ်စ်၏ဇီဝသက်တမ်းသက်သည် နှစ်မိနစ်သာ ကျန်တော့သည်ဟု လေ့လာ တွေ့ရှိချက်များက ဆိုသည်။
နွေရာသီကဲ့သို့ အခြေအနေသည် ဗိုင်း ရပ်စ် ကူးစက်မှုလျော့ကျစေသော ပတ်ဝန်း ကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း ဘရိုင် ရန်က ကောက်ချက်ချခဲ့သည်။
သို့သော်လည်း ကူးစက်မှုလျော့ကျခြင်း သည် ဗိုင်းရပ်စ်ကို အပြီးတိုင် တိုက်ဖျက်သည် ဟု မဆိုလိုကြောင်း လူအချင်းချင်း အဆက် ဖြတ်တောက်သည့် လမ်းညွှန်ချက်များကို ရုပ် သိမ်းနိုင်မည် မဟုတ်ကြောင်း ၎င်းင်းက ပြော ကြားခဲ့သည်။
ပူနွေးစိုထိုင်းသော အခြေအနေထက် အေး၍ခြောက်သွေ့သော အခြေအနေတွင် ဗိုင်းရပ်စ်ကူးစက်မှု ပိုဆိုးနိုင်ကြောင်း ယခင် လေ့လာမှုများကလည်း သဘောတူညီထား သည်။ ဆောင်းဝင်စအချိန်နှင့်နွေးထွေးနေဆဲ ပတ်ဝန်းကျင်ရှိသည့် ကမ္ဘာ့တောင်ဘက် ခြမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နှုန်းက နိမ့်ကျ ခဲ့သည်။
ဥပမာ သြစတြေးလျတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု ၇၀၀၀ အောက်နှင့် သေဆုံး သူ ၇၇ ဦးရှိပြီး ကမ္ဘာ့မြောက်ခြမ်းနိုင်ငံ အများ အပြားထက် နည်းပါးခဲ့သည်။
Ref ; Eleven
<zawgyi>
နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို အလျင်အမြန် ဖျက်ဆီးနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များ ပြောကြား
Saturday, April 25, 2020
ကိုရိုနာဗိုင်းရပ်စ်သစ်ကို နေရောင်ခြည်က အလျင်အမြန် ဖျက်ဆီးပစ်ကြောင်း သုတေသနသစ်တစ်ခုကို ကိုးကားပြီး အမေရိကန်တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၃ တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းလေ့လာမှု သည် အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုရသေးဘဲ ပြင်ပသုံးသပ်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
အမိမြေလုံခြုံရေးဌာန၏သိပ္ပံနှင့် နည်းပညာအကြံပေး ဝီလျံဘရိုင်ရန်က ခရမ်းလွန် ရောင်ခြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်ကြောင်း အစိုးရသိပ္ပံပညာရှင်များက တွေ့ရှိထားသည်ဟု အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် နွေရာသီတွင် ဗိုင်းရပ်စ်ကူးစက်မှု လျော့ပါးသွားနိုင်ကြောင်း မျှော်လင့်ချက်များ ရှိလာစေခဲ့သည်။
“ဒီနေ့အထိ ကျွန်တော်တို့ အားတက်စရာ အကောင်းဆုံး လေ့လာတွေ့ရှိချက်က နေရောင် ခြည်ဟာ ဗိုင်းရပ်စ်ကို မျက်နှာပြင်ပေါ်မှာရော လေထဲမှာပါ သေစေနိုင်တယ် ဆိုတာပါပဲ” ဟု ဝီလျံဘရိုင်ရန်က ပြောကြားခဲ့သည်။
ယင်းလေ့လာချက်ကို ပြန်လည်သုံးသပ်ရန် တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် သီးခြားလွတ်လပ်သည့် သိပ္ပံပညာရှင်များက ထိုလေ့လာမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ခက်ခဲစေသည်။
ခရမ်းလွန်ရောင်ခြည်တွင် ဗိုင်းရပ်စ်၏ဗီဇပစ္စည်းများနှင့်ပုံတူပွားနိုင်စွမ်းကို ပျက်စီးနိုင်စွမ်းရှိကြောင်း သိထားသည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း စမ်းသပ်မှုတွင် အသုံးပြုခဲ့သော ခရမ်းလွန်ရောင်ခြည်၏လှိုင်းအလျားနှင့် ပြင်းအားကို မည်မျှသတ်မှတ်ထားသည်ကို မသိရဘဲ နွေရာသီ၏သဘာဝအလင်းရောင် အခြေအနေကို အတိအကျ တုပနိုင် ခြင်း ရှိ၊ မရှိက မေးခွန်းထုတ်စရာ ဖြစ်သည်။
မေရီလန်းရှိ အမျိုးသားဇီဝကာကွယ်ရေး လေ့လာသုံးသပ်မှုစင်တာ၌ ဆောင်ရွက်ခဲ့သော လေ့လာမှု၏အဓိက တွေ့ရှိချက်များကို ဘရိုင်ရန်က မျှဝေခဲ့သည်။
စိမ့်ဝင်နိုင်မှု မရှိသော မျက်နှာပြင်တွင် စိုထိုင်းဆ ၂၀ ရာခိုင်နှုန်းနှင့် အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်မှ ၂၄ စင်တီဂရိတ်အတွင်း ရှိချိန်၌ ဗိုင်းရပ်စ်၏ဇီဝ သက်တမ်းတစ်ပိုင်း (ဗိုင်းရပ်စ်ပမာဏကို ထက်ဝက်လျှော့ချရန် ကြာချိန်) သည် ၁၈ နာရီဖြစ်ကြောင်း လေ့ လာတွေ့ရှိချက်များက ဖော်ပြခဲ့သည်။ ထိုသို့ အခြေအနေရှိသည့်ပစ္စည်းများတွင် တံခါး လက်ကိုင်များ၊ သံမဏိကဲ့သို့ အရာများ ပါဝင် သည်။
ဗိုင်းရပ်စ်သည် လေထဲတွင် ရှိနေစဉ် ဒြပ်ဝတ္ထုပစ္စည်းများ၌ ပျက်စီးနိုင်ခြေရှိမှုကို လည်း လေ့လာမှုက စမ်းသပ်ခဲ့သည်။ လေ တွင်းမှ ပျံ့နှံ့သော ဗိုင်းရပ်စ်သည် အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်နှင့် ၂၄ စင်တီဂရိတ် အကြား၌ နေရောင်ခြည်နှင့်ထိတွေ့လျှင် ဗိုင်းရပ်စ်၏ဇီဝသက်တမ်းသက်သည် မထိ တွေ့မီက မိနစ် ၆၀ ခန့်ရှိရာမှ ထိတွေ့ပြီး နောက် ၁.၅ မိနစ်သို့လျော့ကျသွားကြောင်း လေ့လာမှုကတွေ့ရှိခဲ့သည်။
လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်း မြင့် တက်ချိန်တွင် ဗိုင်းရပ်စ်၏ဇီဝသက်တမ်းဝက် သည် ၆ နာရီသို့ ကျဆင်းသွားကြောင်း၊ ထို အခြေအနေတွင် နေရောင်ကို ထပ်ပေါင်း ပါက ဗိုင်းရပ်စ်၏ဇီဝသက်တမ်းသက်သည် နှစ်မိနစ်သာ ကျန်တော့သည်ဟု လေ့လာ တွေ့ရှိချက်များက ဆိုသည်။
နွေရာသီကဲ့သို့ အခြေအနေသည် ဗိုင်း ရပ်စ် ကူးစက်မှုလျော့ကျစေသော ပတ်ဝန်း ကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း ဘရိုင် ရန်က ကောက်ချက်ချခဲ့သည်။
သို့သော်လည်း ကူးစက်မှုလျော့ကျခြင်း သည် ဗိုင်းရပ်စ်ကို အပြီးတိုင် တိုက်ဖျက်သည် ဟု မဆိုလိုကြောင်း လူအချင်းချင်း အဆက် ဖြတ်တောက်သည့် လမ်းညွှန်ချက်များကို ရုပ် သိမ်းနိုင်မည် မဟုတ်ကြောင်း ၎င်းင်းက ပြော ကြားခဲ့သည်။
ပူနွေးစိုထိုင်းသော အခြေအနေထက် အေး၍ခြောက်သွေ့သော အခြေအနေတွင် ဗိုင်းရပ်စ်ကူးစက်မှု ပိုဆိုးနိုင်ကြောင်း ယခင် လေ့လာမှုများကလည်း သဘောတူညီထား သည်။ ဆောင်းဝင်စအချိန်နှင့်နွေးထွေးနေဆဲ ပတ်ဝန်းကျင်ရှိသည့် ကမ္ဘာ့တောင်ဘက် ခြမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နှုန်းက နိမ့်ကျ ခဲ့သည်။
ဥပမာ သြစတြေးလျတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု ၇၀၀၀ အောက်နှင့် သေဆုံး သူ ၇၇ ဦးရှိပြီး ကမ္ဘာ့မြောက်ခြမ်းနိုင်ငံ အများ အပြားထက် နည်းပါးခဲ့သည်။
Ref ; Eleven
0 comments:
Post a Comment