ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် ရှိ မြန်မာပလာဇာအား lock down ချရန် ညွန့်ကြားထားခြင်း မရှိသည့်အတွက် လုပ်ဆောင်စရာရှိသည်များကို နိုင်ငံတော်၏ ညွန့်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာပလာဇာ မှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
''အစ်မတို့ကတော့ နိုင်ငံတော်ရဲ့ ညွန့်ကြားချက်အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ် ၊ lockdown. ချရမယ် ပိတ်ရမယ် ဆိုလည်း အစ်မတိုက ပိတ်ပေးရမှာပါ ၊ လောလောဆယ်မှာတော့ ဒါက ဗဟန်းမြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်အရ လိုအပ်တဲ့ အဆန်ရှယ် ဆားဗစ်တွေကို ဖွင့်ထားပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စျေးဝယ်ဝယ်သူတွေ ၊ စျေးရောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်လျှက်ရှိပါတယ် ၊ နောက်တစ်ခု က ထိရောက်တဲ့ လုပ်ငန်း ဆောင်တာတွေ လည်း လုပ်ဆောင်ထားပါတယ် ''ဟု မြန်မာ ပလာဇာ မှ (pr)မန်နေဂျာ ဒေါ် ဇင်မာသက်မွန် က ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်၊ တိုင်းဒေသကြီ ရန်ကင်း မြို့နယ် ရှိ မြန်မာပလာဇာ ပထမထပ်ရှိ MPT အရောင်းဝန်ထမ်း တွင် ကိုရိုနာဗိုင်ရပ်စ် ကူးစက်ခံထားရ ကြောင်းတွေ့ရှိ သည့်အတွက် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့ မှ ၉ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး ဝန်ထမ်းတစ်ဦး ဧပြီ (၂၀)ရက်နေ့တွင် နေမကောင်းဖြစ်သည့် အတွက် တာမွေမြို့နယ်ရှိ Fever Clinic သို့ သွားရောက် ပြသစဉ် ကိုရိုနာဗိုင်ရပ်စ် ရောဂါ သံသယလူနာအဖြစ် သတ်မှတ် ပြီး ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင် စစ်ဆေးခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ခြင်းဖြစ်ကြောင်းတွေ ရှိ ရသည့် အတွက် Case (120)အဖြစ်သတ်မှတ်ပြီး
တောင်ဥက္ကလာပ ရှိ အမျိုးသမီး နှင့် ကလေးဆေးရုံး သို့ပို့ဆောင် ပြီး ဆေးကုသမှု့ ခံယူလျက်ရှိကြောင်းသိရသည်။
လက်ရှိ ဧပြီ ၂၅ရက်နေ့တွင် မြန်မာပလာဇာ shopping center တွင် ဆိုင်ခန်း အချို့ ဖွင့်လှစ်ထားသည်။
Source - I See Media
<zawgyi>
မြန်မာပလာဆာတွင် MPT အရောင်းဝန်ထမ်း Covid-19 အတည်ပြုလူနာတွေ့ရှိသော်လည်း Lockdown ချရန် ညွန့်ကြားထားခြင်း မရှိသည့်အတွက် လုပ်စရာရှိသည့်အရာများကို နိုင်ငံတော်၏ ညွန့်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဟုဆို
Saturday, April 25, 2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် ရှိ မြန်မာပလာဇာအား lock down ချရန် ညွန့်ကြားထားခြင်း မရှိသည့်အတွက် လုပ်ဆောင်စရာရှိသည်များကို နိုင်ငံတော်၏ ညွန့်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာပလာဇာ မှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
''အစ်မတို့ကတော့ နိုင်ငံတော်ရဲ့ ညွန့်ကြားချက် အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ် ၊ lockdown. ချရမယ် ပိတ်ရမယ် ဆိုလည်း အစ်မတိုက ပိတ်ပေးရမှာပါ ၊ လောလော ဆယ် မှာတော့ ဒါက ဗဟန်း မြို့နယ် မှာရှိတဲ့ ပြည်သူတွေ ရဲ့ လိုအပ်ချက်အရ လိုအပ်တဲ့ အဆန်ရှယ် ဆားဗစ် တွေကို ဖွင့်ထားပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာ န ရဲ့ ထုတ်ပြန်ထားတဲ့ စျေးဝယ်ဝယ်သူတွေ ၊ စျေးရောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေ နဲ့ အညီ လိုက်နာ ဆောင်ရွက်လျှက်ရှိပါတယ် ၊ နောက်တစ်ခု က ထိရောက်တဲ့ လုပ်ငန်း ဆောင်တာတွေ လည်း လုပ်ဆောင်ထားပါတယ် ''ဟု မြန်မာ ပလာဇာ မှ (pr)မန်နေဂျာ ဒေါ် ဇင်မာသက်မွန် က ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်၊ တိုင်းဒေသကြီ ရန်ကင်း မြို့နယ် ရှိ မြန်မာပလာဇာ ပထမထပ်ရှိ MPT အရောင်းဝန်ထမ်း တွင် ကိုရိုနာဗိုင်ရပ်စ် ကူးစက်ခံထားရ ကြောင်းတွေ့ရှိ သည့်အတွက် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့ မှ ၉ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး ဝန်ထမ်းတစ်ဦး ဧပြီ (၂၀)ရက်နေ့တွင် နေမကောင်းဖြစ်သည့် အတွက် တာမွေမြို့နယ်ရှိ Fever Clinic သို့ သွားရောက် ပြသစဉ် ကိုရိုနာဗိုင်ရပ်စ် ရောဂါ သံသယလူနာအဖြစ် သတ်မှတ် ပြီး ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင် စစ်ဆေးခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ခြင်းဖြစ်ကြောင်းတွေ ရှိ ရသည့် အတွက် Case (120)အဖြစ်သတ်မှတ်ပြီး
တောင်ဥက္ကလာပ ရှိ အမျိုးသမီး နှင့် ကလေးဆေးရုံး သို့ပို့ဆောင် ပြီး ဆေးကုသမှု့ ခံယူလျက်ရှိကြောင်းသိရသည်။
လက်ရှိ ဧပြီ ၂၅ရက်နေ့တွင် မြန်မာပလာဇာ shopping center တွင် ဆိုင်ခန်း အချို့ ဖွင့်လှစ်ထားသည်။
Source - I See Media
0 comments:
Post a Comment