COVID-19 ကုသရန်အတွက်ငှက်ဖျားရောဂါကာကွယ်ဆေး hydroxychloroquineအသုံးပြုခြင်းကို သမ္မတဒေါ်နယ်ထရန်မှ အမွှမ်းတင်ခဲ့ပြီးအမေရိကန် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး(FDA) မှ အဆိုပါဆေးသည် အသက်အန္တရာယ်ရှိသည့် နှလုံးခုန်နှုန်းကိုဖြစ်ပေါ်စေသည်ဟု လေ့လာတွေ့ရှိချက်များအရ ဧပြီလ ၂၄ရက်နေ့တွင်သတိပေးခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ခိုင်လုံသောသက်သေအထောက်အထားမရှိဘဲအဆိုပါဆေးသည် COVID-19 ကုသရန်အတွက် ဆေးတစ်ခုဖြစ်နိုင်သည်ဟု ထပ်တလဲလဲဖော်ပြခဲ့သည်။
ထိုဆေး၏ အကျိုးသက်ရောက်မှုကို ခိုင်လုံသောသက်သေပြနိုင်ရန်အတွက် စမ်းသပ်မှုများပြုလုပ်နေသည်မှာ မပြီးဆုံးသေးပေ။ FDA ကော်မရှင်ဝင် Dr Stephen M Hahn မှ “ကျန်းမာရေးကျွမ်းကျင်သူတွေက လူနာတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ကုသမှုနည်းလမ်းတွေ ရှာဖွေနေကြတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ အကောင်းဆုံးဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လိုအပ်မယ်ထင်တဲ့ သတင်းအ ချက်အလက်တွေကို ကျွန်တော်တို့ ပေးချင်ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။
COVID-19 ကုသရန်အတွက် အဆိုပါဆေး၏ အကျိုးသက်ရောက်မှုကို လက်တွေ့စမ်းသပ်မှုများပြုလုပ်နေစဉ်တွင် ထိုဆေး၏ ဘေးထွက်ဆိုးကျိုးအား သုံးသပ်ဆင်ခြင်သင့်ကြောင်း ဖော်ပြထားပါသည်။
Source - Aljazeera
<zawgyi>
COVID-19 ကုသရန်အတွက် Hydroxychloroquine ဆေးအား အသုံးမပြုသင့်ကြောင်း အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး (FDA)မှ သတိပေး
Saturday, April 25, 2020
COVID-19 ကုသရန်အတွက်ငှက်ဖျားရောဂါကာကွယ်ဆေး hydroxychloroquineအသုံးပြုခြင်းကို သမ္မတဒေါ်နယ်ထရန်မှ အမွှမ်းတင်ခဲ့ပြီးအမေရိကန် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး(FDA) မှ အဆိုပါဆေးသည် အသက်အန္တရာယ်ရှိသည့် နှလုံးခုန်နှုန်းကိုဖြစ်ပေါ်စေသည်ဟု လေ့လာတွေ့ရှိချက်များအရ ဧပြီလ ၂၄ရက်နေ့တွင်သတိပေးခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ခိုင်လုံသောသက်သေအထောက်အထားမရှိဘဲအဆိုပါဆေးသည် COVID-19 ကုသရန်အတွက် ဆေးတစ်ခုဖြစ်နိုင်သည်ဟု ထပ်တလဲလဲဖော်ပြခဲ့သည်။
ထိုဆေး၏ အကျိုးသက်ရောက်မှုကို ခိုင်လုံသောသက်သေပြနိုင်ရန်အတွက် စမ်းသပ်မှုများပြုလုပ်နေသည်မှာ မပြီးဆုံးသေးပေ။ FDA ကော်မရှင်ဝင် Dr Stephen M Hahn မှ “ကျန်းမာရေးကျွမ်းကျင်သူတွေက လူနာတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ကုသမှုနည်းလမ်းတွေ ရှာဖွေနေကြတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ အကောင်းဆုံးဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လိုအပ်မယ်ထင်တဲ့ သတင်းအ ချက်အလက်တွေကို ကျွန်တော်တို့ ပေးချင်ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။
COVID-19 ကုသရန်အတွက် အဆိုပါဆေး၏ အကျိုးသက်ရောက်မှုကို လက်တွေ့စမ်းသပ်မှုများပြုလုပ်နေစဉ်တွင် ထိုဆေး၏ ဘေးထွက်ဆိုးကျိုးအား သုံးသပ်ဆင်ခြင်သင့်ကြောင်း ဖော်ပြထားပါသည်။
Source - Aljazeera
0 comments:
Post a Comment