Saturday, April 25, 2020

အမေရိကန် ပြည်နယ်၃ခုတွင် lockdown ဖြေလျော့မှုများ စတင်

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကြောင့် သေဆုံးသူဦးရေ ငါးသောင်းကျော်နေပြီဖြစ်သော်လည်း ဂျော်ဂျီယာ၊ အိုကလာဟိုးမားနှင့် အလာစကာ ပြည်နယ်များတွင် lockdown ဖြေလျော့မှုများကို စတင်ကြောင်း အမိန့်ကို သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

ဂျော်ဂျီယာနှင့် အိုကလာဟိုးမားပြည်နယ် အုပ်ချုပ်ရေးမှူးများက ပြည်နယ်များအတွင်းရှိ ဆလွန်းများ၊ Spa များနှင့် ဆံပင်ညှပ်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြသည်။ အလာစကာပြည်နယ်တွင်လည်း စားသောက်ဆိုင်များတွင် စားသောက်ခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့ပြီး လက်လီဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းအချို့ကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်သည်။ သို့ရာတွင် သက်ဆိုင်ရာ စည်ပင်သာယာကော်မတီတို့ချမှတ်ထားသည့် ဝေးဝေးနေထိုင်ခြင်းကဲ့သို့သော စည်းကမ်း ကန့်သတ်ချက်များကိုမူ လိုက်နာရမည်ဖြစ်သည်။
Ref ; Popular
<zawgyi>

0 comments:

Post a Comment