မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ မဟာစည်ရပ် သီရိမာလာလမ်းမှာ ဧပြီ(၂၅)ရက် မနက် (၁၀) နာရီခန့် က လျှပ်စစ်ပန်ကာ အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ကပြောပါတယ်။ "နေအိမ်အပေါ်ထပ် လူမနေတဲ့ အခန်းအတွင်းမှာ လျှပ်စစ်ပန်ကာ ဖွင့်ခဲ့ရာကတစ်ဆင့် လျှပ်စစ်ပန်ကာ မော်တာအပူလွန်ကဲပြီးတော့ လောင်းပြီးတော့ ဂွမ်းစောင် ထုပ်ပေါ်ကျရင်းနဲ့ ကူးစက်လောင်ကျွမ်းတာ ခင်ဗျာ၊ နေအိမ် ၅ လုံးပါ" လို့ဆိုပါတယ်။
အဲဒီမီးလောင်မှုကို ပခုက္ကူ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့တွေက အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၉)စီး၊ မီးသတ်ရေသယ်ယာဉ် (၈)စီး၊ မီးသတ်စက်ယာဉ် (၁)စီးတို့နဲ့အတူ တပ်မတော် ရေသယ်ယာဥ် (၁) စီး၊ ပုညမုဒိတာ ရေသယ်ယာဥ် (၁)စီး၊ OK-9 ကုမ္ပဏီ ရေသယ်ယာဥ် (၂)စီး၊ KBZ ရေအလှူ ရေသယ်ယာဥ် (၁)စီးတို့နဲ့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မနက်(၁၀)နာရီခွဲခန့်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှု စတင်ဖြစ်ပွားတဲ့ အိမ်ရှင်ဖြစ်သူကို ပခုက္ကူမြို့မရဲစခန်းက (ပ) ၅၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။
Ref ; One News Myanmar
<zawgyi>
ပခုက္ကူတွင် လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံး
Saturday, April 25, 2020
မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ မဟာစည်ရပ် သီရိမာလာလမ်းမှာ ဧပြီ(၂၅)ရက် မနက် (၁၀) နာရီခန့် က လျှပ်စစ်ပန်ကာ အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ကပြောပါတယ်။ "နေအိမ်အပေါ်ထပ် လူမနေတဲ့ အခန်းအတွင်းမှာ လျှပ်စစ်ပန်ကာ ဖွင့်ခဲ့ရာကတစ်ဆင့် လျှပ်စစ်ပန်ကာ မော်တာအပူလွန်ကဲပြီးတော့ လောင်းပြီးတော့ ဂွမ်းစောင် ထုပ်ပေါ်ကျရင်းနဲ့ ကူးစက်လောင်ကျွမ်းတာ ခင်ဗျာ၊ နေအိမ် ၅ လုံးပါ" လို့ဆိုပါတယ်။
အဲဒီမီးလောင်မှုကို ပခုက္ကူ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့တွေက အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၉)စီး၊ မီးသတ်ရေသယ်ယာဉ် (၈)စီး၊ မီးသတ်စက်ယာဉ် (၁)စီးတို့နဲ့အတူ တပ်မတော် ရေသယ်ယာဉ် (၁) စီး၊ ပုညမုဒိတာ ရေသယ်ယာဉ် (၁)စီး၊ OK-9 ကုမ္ပဏီ ရေသယ်ယာဉ် (၂)စီး၊ KBZ ရေအလှူ ရေသယ်ယာဉ် (၁)စီးတို့နဲ့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မနက်(၁၀)နာရီခွဲခန့်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှု စတင် ဖြစ်ပွားတဲ့ အိမ်ရှင်ဖြစ်သူကို ပခုက္ကူမြို့မရဲစခန်းက (ပ) ၅၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထား ပါတယ်။
Ref ; One News Myanmar
0 comments:
Post a Comment