လက်နက်ကိုင်အဖွဲ့အ စည်းများ၏ ကိုယ်ကျိုးစီးပွားတည်တံ့ခိုင်မြဲရေး ရှေ့တန်းတင်မှုများကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်မှု အလုံးစုံအောင်မြင်မှုမရဖြစ်နေကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောကြားသည်။
ဧပြီ ၂၃ရက်က ဗထူးတပ်မြို့ ၌ ကျင်းပသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ် လောင်းသင်တန်း အ မှတ်စဉ် (၁၂၃)သီဟတပ်ခွဲ သင် တန်းဆင်းပွဲအခမ်းအနားတွင် ဒု တပ်ချုပ်က မိန့်ခွန်းပြောကြားစဉ် ငြိမ်းချမ်းရေးဆောင်ရွက်မှု ကိစ္စ ရပ်များကို ထည့်သွင်းပြောကြား သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို လေ့လာ ကြည့်ပါက လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်ကျိုးစီးပွား တည်တံ့ခိုင်မြဲရေးနှင့်လက်န က် ကိုင်စွဲပြီး အာဏာရယူရေးစသည့် ဆန္ဒစွဲ၊ ဘယာစွဲများကို ရှေ့တန်း တင်မှုများကြောင့် အလုံးစုံအောင် မြင်မှုမရှိခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ပြောသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၁ တွင် ပြည်သူများက ရွေးချယ်တင် မြှောက်ခဲ့သည့် အရပ်သားအစိုးရ လက်ထက်တွင်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များကို ငြိမ်းချမ်းရေးလမ်းပေါ် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း ၎င်းကဆိုသည်။
တပ်မတော်အနေဖြင့်၁၉၆၂ ကစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အင်တိုက်အားတိုက် ကြိုး စားခဲ့သဖြင့် ၁၉၈၈ နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ်အထိ ထိုက်သင့် သည့်ငြိမ်းချမ်းမှုများ ရရှိခဲ့သည့် အပြင် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းသို့ရောက်အောင် စွမ်း ဆောင်နိုင်ခဲ့ကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ၂၀၁၅ တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ် ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ ပြီး ၂၀၁၈ တွင် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ NCA တွင် ထပ်မံပါဝင်လာကြောင်း ဒုတပ် ချုပ်က ပြောသည်။
ကျန်ရှိနေသေးသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများကိုလည်း ငြိမ်းချမ်းရေး လမ်းပေါ် လျှောက်လှမ်းနိုင် အောင် အခွင့်အခါကောင်းများကို အမြဲဖန်တီးပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
တပ်မတော်အနေဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းများတွင်သာ မက ပြည်တွင်းပဋိပက္ခများကို ဖြေရှင်း သည့်အခါတွင် လတ်တလောပြဿနာပြေလည်ရေး ပုံစံမျိုးမ ဟုတ်ဘဲ ရေရှည်အောင်မြင်မှုရရှိ ရေး ဆောင်ရွက်နေခြင်းဖြစ် ကြောင်းဒုတပ်ချုပ်ကပြောသည်။
အစိုးရ၊ တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ထိုးထားသည့်တိုင်းရင်း သားလက်နက်ကိုင် ၁၀ဖွဲ့နှင့်ဆွေးနွေးညှိနှို င်းပြီး ဖက်ဒရယ်ပြည် ထောင်စုတည် ဆောက်ရေးဆိုင် ရာ အခြေခံမူများရရှိရေးဆောင် ရွက်နေရာ နှစ်ဖက်အမြင်မတူညီမှု များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ရပ်တန့်နေသည့် အခြေအနေ များပင် ကြုံတွေ့ခဲ့ရသည်။
တစ်ဖက်တွင်လည်း NCA လက်မှတ်မထိုးရသေးသည့် ‘ဝ’ အဖွဲ့(UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ ရခိုင်အဖွဲ့ (AA)၊တအာင်းအဖွဲ့(TNLA)၊ကို း ကန့်အဖွဲ့(MNDAA)နှင့် ကရင်နီ အဖွဲ့(KNPP) စသည့် တိုင်းရင်းသားလက်နက်ကိုင်ရှ စ်ဖွဲ့ NCA တွင် ပါဝင်လာနိုင်ရေး လက်ရှိ အစိုးရက ကြိုးပမ်းနေသည်။
ယင်းအဖွဲ့များအနက် တပ် မတော်နှင့် AA တို့အကြား တိုက် ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး TNLA ၊ MNDAA အဖွဲ့များနှင့် လည်း ပြီးခဲ့သည့်နှစ်အတွင်းတိုက် ပွဲများ ဖြစ်ပွားခဲ့သည်။
Ref ; 7Day
<zawgyi>
လက်နက်ကိုင်အဖွဲ့များ ကိုယ်ကျိုးစီးပွားတည်တံ့ရေး ရှေ့တန်းတင်၍ ငြိမ်းချမ်းရေးဆောင်ရွက်မှု အလုံးစုံအောင်မြင်မှုမရဖြစ်ေ နဟု ဒုတပ်ချုပ်ပြော
Saturday, April 25, 2020
လက်နက်ကိုင်အဖွဲ့အ စည်းများ၏ ကိုယ်ကျိုးစီးပွား တည်တံ့ခိုင်မြဲရေး ရှေ့တန်းတင် မှုများကြောင့် ငြိမ်း ချမ်းရေး ဆောင်ရွက်မှု အလုံးစုံအောင်မြင် မှုမရဖြစ်နေကြောင်း ဒုတိယတပ် မတော်ကာကွယ် ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ဧပြီ ၂၃ရက်က ဗထူးတပ်မြို့ ၌ ကျင်းပသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ် လောင်းသင်တန်း အ မှတ်စဉ် (၁၂၃)သီဟတပ်ခွဲ သင် တန်းဆင်းပွဲအခမ်းအနားတွင် ဒု တပ်ချုပ်က မိန့်ခွန်းပြောကြားစဉ် ငြိမ်းချမ်းရေးဆောင်ရွက်မှုက ိစ္စ ရပ်များကို ထည့်သွင်းပြောကြား သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို လေ့လာ ကြည့်ပါက လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်ကျိုးစီးပွား တည်တံ့ခိုင်မြဲရေးနှင့်လက်န က် ကိုင်စွဲပြီး အာဏာရယူရေးစသည့် ဆန္ဒစွဲ၊ ဘယာစွဲများကို ရှေ့တန်း တင်မှုများကြောင့် အလုံးစုံအောင် မြင်မှုမရှိခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ပြောသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၁ တွင် ပြည်သူများက ရွေးချယ်တင် မြှောက်ခဲ့သည့် အရပ်သားအစိုးရ လက်ထက်တွင်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များကို ငြိမ်းချမ်းရေးလမ်းပေါ် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း ၎င်းကဆိုသည်။
တပ်မတော်အနေဖြင့်၁၉၆၂ ကစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အင်တိုက်အားတိုက် ကြိုး စားခဲ့သဖြင့် ၁၉၈၈ နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ်အထိ ထိုက်သင့် သည့်ငြိမ်းချမ်းမှုများ ရရှိခဲ့သည့် အပြင် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းသို့ရောက်အောင် စွမ်း ဆောင်နိုင်ခဲ့ကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ၂၀၁၅ တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ် ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ ပြီး ၂၀၁၈ တွင် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ NCA တွင် ထပ်မံပါဝင်လာကြောင်း ဒုတပ် ချုပ်က ပြောသည်။
ကျန်ရှိနေသေးသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများကိုလည်း ငြိမ်းချမ်းရေး လမ်းပေါ် လျှောက်လှမ်းနိုင် အောင် အခွင့်အခါကောင်းများကို အမြဲဖန်တီးပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
တပ်မတော်အနေဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းများတွင်သာ မက ပြည်တွင်းပဋိပက္ခများကို ဖြေရှင်း သည့်အခါတွင် လတ်တလောပြဿနာပြေလည်ရေး ပုံစံမျိုးမ ဟုတ်ဘဲ ရေရှည်အောင်မြင်မှုရရှိ ရေး ဆောင်ရွက်နေခြင်းဖြစ် ကြောင်းဒုတပ်ချုပ်ကပြောသည်။
အစိုးရ၊ တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ထိုးထားသည့်တိုင်းရင်း သားလက်နက်ကိုင် ၁၀ဖွဲ့နှင့်ဆွေးနွေးညှိနှိုင ်းပြီး ဖက်ဒရယ်ပြည် ထောင်စုတည် ဆောက်ရေးဆိုင် ရာ အခြေခံမူများရရှိရေးဆောင် ရွက်နေရာ နှစ်ဖက်အမြင်မတူညီမှု များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ရပ်တန့်နေသည့် အခြေအနေ များပင် ကြုံတွေ့ခဲ့ရသည်။
တစ်ဖက်တွင်လည်း NCA လက်မှတ်မထိုးရသေးသည့် ‘ဝ’ အဖွဲ့(UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ ရခိုင်အဖွဲ့ (AA)၊တအာင်းအဖွဲ့(TNLA)၊ကို း ကန့်အဖွဲ့(MNDAA)နှင့် ကရင်နီ အဖွဲ့(KNPP) စသည့် တိုင်းရင်းသားလက်နက်ကိုင်ရှ စ်ဖွဲ့ NCA တွင် ပါဝင်လာနိုင်ရေး လက်ရှိ အစိုးရက ကြိုးပမ်းနေသည်။
ယင်းအဖွဲ့များအနက် တပ် မတော်နှင့် AA တို့အကြား တိုက် ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး TNLA ၊ MNDAA အဖွဲ့များနှင့် လည်း ပြီးခဲ့သည့်နှစ်အတွင်းတိုက် ပွဲများ ဖြစ်ပွားခဲ့သည်။
Ref ; 7Day
0 comments:
Post a Comment