COVID -19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးကို အစိုးရ၊ ပြည်သူ ဝိုင်းဝန်း ကြိုးပမ်းနေစဉ်မှာ ပြည်သူလူထု၏ အသက် အိုးအိမ်၊စည်းစိမ်ကိုကာကွယ်ရန် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ အားလုံးကို အသိအမှတ်ပြု ချီးကျုးကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုကို တပ်မတော်က ယနေ့ တုန့်ပြန် ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်နှင့် နေပြည်တော် အခြေ စိုက်သတင်း မီဒီယာတချို့ တွေ့ ဆုံပွဲတွင် သတင်းထောက်တဦး၏ အမေးကို တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော် ပြောလိုတာကတော့ ဒီဟာနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခြင်း ချီးကျူးခြင်းဆိုတာကိုတော့ ဘယ်သူကမှ အ သိအမှတ်ပြုခြင်း ချီးကျူးခြင်းနဲ့ ပတ်သက်ပြီးတော့ မကြိုက်နှစ်သက်သူတော့ မရှိပါဘူး။ ချီးကျူးခံရတဲ့သူ အသိအမှတ် အပြုခံရသူကတော့ မကြိုက်နှစ်သက်ဘူးဆိုတာတော့ ရှိစရာ အကြောင်းမရှိဘူးလို့ပဲ ပြောလိုပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အနေဖြင့် ပလက်ဝသို့ ဆန်ပို့ဆောင်ရေး ပါဝင်ဆောင်ရွက်ခဲ့ရာတွင် လမ်းကြောင်း ဖွင့်နိုင်ရန်အတွက် ပေးဆပ်မှု များစွာ ရှိခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဧပြီလ ၂၁ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွင် တပ်မ တော်ကို ချီးကျူး အသိအမှတ်ပြုထားပြီး ရက္ခိုင်စစ်တပ် (ULA/AA) ကို အကြမ်းဖက်အုပ်စု အဖြစ် သုံးနှုန်းကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဖော်ပြပါရှိခဲ့သည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတချို့ နှင့် ရခိုင်လွှတ်တော်ကိုယ်စားလှယ ်များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။
Ref ; Irrawaddy
<zawgyi>
“ချီးကျူးခံရမှုကို မကြိုက်သူ မရှိဘူး”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
Saturday, April 25, 2020
COVID -19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးကို အစိုးရ၊ ပြည်သူ ဝိုင်းဝန်း ကြိုးပမ်းနေစဉ်မှာ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ အားလုံးကို အသိအမှတ်ပြု ချီးကျုးကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုကို တပ်မတော်က ယနေ့ တုန့်ပြန် ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်နှင့် နေပြည်တော် အခြေ စိုက်သတင်း မီဒီယာတချို့ တွေ့ ဆုံပွဲတွင် သတင်းထောက်တဦး၏ အမေးကို တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော် ပြောလိုတာကတော့ ဒီဟာနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခြင်း ချီးကျူးခြင်းဆိုတာကိုတော့ ဘယ်သူကမှ အ သိအမှတ်ပြုခြင်း ချီးကျူးခြင်းနဲ့ ပတ်သက်ပြီးတော့ မကြိုက်နှစ်သက်သူတော့ မရှိပါဘူး။ ချီးကျူးခံရတဲ့သူ အသိအမှတ် အပြုခံရသူကတော့ မကြိုက်နှစ်သက်ဘူးဆိုတာတော့ ရှိစရာ အကြောင်းမရှိဘူးလို့ပဲ ပြောလိုပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အနေဖြင့် ပလက်ဝသို့ ဆန်ပို့ဆောင်ရေး ပါဝင်ဆောင်ရွက်ခဲ့ရာတွင် လမ်းကြောင်း ဖွင့်နိုင်ရန်အတွက် ပေးဆပ်မှု များစွာ ရှိခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဧပြီလ ၂၁ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွင် တပ်မ တော်ကို ချီးကျူး အသိအမှတ်ပြုထားပြီး ရက္ခိုင်စစ်တပ် (ULA/AA) ကို အကြမ်းဖက်အုပ်စု အဖြစ် သုံးနှုန်းကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဖော်ပြပါရှိခဲ့သည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတချို့ နှင့် ရခိုင်လွှတ်တော်ကိုယ်စားလှယ် များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။
Ref ; Irrawaddy
0 comments:
Post a Comment