ကချင်ပြည်နယ်က ပထမဆုံး COVID19 Positive ပိုးတွေ့ လူနာဖြစ်သည့် မိုးညှင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားသည် ယနေ့ ဧပြီ ၂၅ နေ့လယ်ပိုင်းတွင် မိုးညှင်းခရိုင်ဆေးရုံမှ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်ည (ဧပြီ ၂၄) ည ၁၁ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် လူနာ အမှတ်စဉ် ၁၄၄ ဖြစ်သည်။
၎င်းသည် မိုးညှင်းမြို့နယ် ဧပြီလ ၁၆ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မိုးညှင်းမြို့ ပုညရှင်စက္ခုပါလ ဆေးရုံတွင် Facility Quarantine ၂၁ ရက်စောင့်ကြည့်နေစဉ် ဧပြီလ (၂၀)ရက်နေ့တွင် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် မိုးညှင်းခရိုင်ဆေးရုံသို့ ပိုဆောင်ကာ သီးသန့်ခန်း ထားရှိကာ ၎င်း၏သလိပ်နမူနာအား အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ COVID 19 Positive ဖြစ်ကြောင်း ဧပြီလ (၂၄) ရက် ည ၁၁ နာရီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Ref ; People Media
<zawgyi>
ကချင်ပြည်နယ်က ပထမဆုံး COVID19 Positive ပိုးတွေ့လူနာ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ရောက်ရှိ
Saturday, April 25, 2020
ကချင်ပြည်နယ်က ပထမဆုံး COVID19 Positive ပိုးတွေ့ လူနာဖြစ်သည့် မိုးညှင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားသည် ယနေ့ ဧပြီ ၂၅ နေ့လယ်ပိုင်းတွင် မိုးညှင်းခရိုင်ဆေးရုံမှ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်ည (ဧပြီ ၂၄) ည ၁၁ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် လူနာ အမှတ်စဉ် ၁၄၄ ဖြစ်သည်။
၎င်းသည် မိုးညှင်းမြို့နယ် ဧပြီလ ၁၆ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မိုးညှင်းမြို့ ပုညရှင်စက္ခုပါလ ဆေးရုံတွင် Facility Quarantine ၂၁ ရက်စောင့်ကြည့်နေစဉ် ဧပြီလ (၂၀)ရက်နေ့တွင် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် မိုးညှင်းခရိုင်ဆေးရုံသို့ ပိုဆောင်ကာ သီးသန့်ခန်း ထားရှိကာ ၎င်း၏သလိပ်နမူနာအား အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ COVID 19 Positive ဖြစ်ကြောင်း ဧပြီလ (၂၄) ရက် ည ၁၁ နာရီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Ref ; People Media
0 comments:
Post a Comment