Saturday, April 25, 2020

ကိုဗစ်အတည်ပြုလူနာ Case 144 အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာစက်ရုံတွင် အလုပ်သမား ၈၀၀၀ ကျော်ရှိ


မိုးညှင်းမြို့က Covid – 19 အတည်ပြုလူနာ Case 144 အလုပ်လုပ်တဲ့ လှိုင်သာယာမြို့နယ်ထဲက စက်ရုံမှာ အလုပ်သမားအရေအတွက် ၈၀၀၀ ကျော်ရှိတယ်လို့ လူသုံးကုန်မြို့နယ် အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။
လှိုင်သာယာမြို့နယ်စက်ရုံက အလုပ်သမားဖြစ်လို့ လက်ရှိမှာမြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန် ရှိသူတွေက အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ‌အကုန်လုံးကို စတင်စစ်ဆေးနေတာဖြစ်ပါတယ်။

“ ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန်ရှိသူတွေ အဲ့ဒီကိုရောက်နေပါပြီ။ သူတို့ဆီက ကွန်ဖမ်းဖြစ်မှ ပြန် ပြောလို့ရပါမယ်။ အခုတော့ contact တွေကိုလိုက်နေပါပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို ကွန်တက်လိုက်နေပါပြီ။ စက်ရုံမှာ သူထိတွေ့ခဲ့တဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ အညီ သူတို့ဆောင်ရွက်နေပါတယ်။ အဲ့ဒီက လူလို့ပဲ ဒီကိုတော့ ပို့ထားတယ်။ အတိကျကိုတော့ ဆရာမတွေသွားပြီး ကွန်ဖမ်းလုပ်နေပါတယ်။ သူသွားခဲ့တဲ့ ကွန်တက်တွေ အားလုံးရအောင် ဆရာမကြီးလိုက်နေတယ်။ ”လို့ လှိုင်သာယာမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၂ ဦးမြတ်မင်းသူက ပြောပါတယ်။

အဲ့ဒီစက်ရုံက လှိုင်သာယာမြို့နယ်မှာ အကြီးဆုံး စက်ရုံဖြစ်လို့ လှိုင်သာယာမြို့နယ်ကို လော့ဒေါင်းချတာ၊ စက်ရုံတွေကိုပိတ်ပြီး အလုပ်သမားတွေကို ကွာရန်တင်းထားဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ လူသုံးကုန်မြို့နယ် အလုပ်သမားအဖွဲ့အစည်း မြို့နယ် ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။

“ အခုစစ်နေတယ်လို့ကြားတယ်။ ဖုန်းနဲ့ကွန်ဖန်းလုပ်ရတာတော့ ချန်းရီ စက်ရုံက ဟုတ်တယ်။ လူနာက ဈေးလေးမှတ်တိုင် ၊ ၇ ရပ်ကွက်ဖြစ်မယ်။ ချန်းရီ ဖိနပ်စက်ရုံပါ။ အလုပ်သမား ၈၀၀၀ လောက်ရှိတယ်။ တကယ်သေချာရင် လှိုင်သာယာမြို့နယ် တစ်ခုလုံးကို လေ့ာဒေါင်းချလိုက်ရမယ့်အခြေနေဖြစ်သွားပြီ။ နေရာတိုင်းမှာ ချန်းရီအလုပ်သမားများတယ်။ မနေ့က စစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပေးလိုက်တယ်တော့ပြောတယ်။ တကယ်သာမှန်ရင် အားလုံးကိုကွာရန်တင်းထားရမှာဖြစ်တယ်။ ကျွန်တော်ရုံးမှာကို ချန်းရီက အလုပ်သမား ၂ယောက်နေတယ်။ ကွာရန်တင်းချရင် ကျနော်ကိုယ်တိုင်ပါမယ်။ လှိုင်သာယာစက်ရုံတော်တော်များများကို လော့ဒေါင်းချရမယ့်သဘော။ " လို့ ဦးမျိုးဇော်က ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကလည်း Case 144 ဟာ လှိုင်သာယာမြို့နယ်မှာ အလုပ်လုပ်ပြီး ပြန်လာသူလို့ အတည်ပြုပြောထားသလို ပြည်နယ်လူမှုရေးဝန်ကြီးကလည်း လူနာနဲ့ထိစပ်မှုတွေကို လိုက်လံစစ်ဆေးပြီး လုပ်သင့်တာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
Ref ; Voice of Myanmar
<zawgyi>
ကိုဗစ်အတည်ပြုလူနာ Case 144 အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာစက်ရုံတွင် အလုပ်သမား ၈၀၀၀ ကျော်ရှိ
Saturday, April 25, 2020

မိုးညှင်းမြို့က Covid – 19 အတည်ပြုလူနာ Case 144 အလုပ်လုပ်တဲ့ လှိုင်သာယာမြို့နယ်ထဲက စက်ရုံမှာ အလုပ်သမားအရေအတွက် ၈၀၀၀ ကျော်ရှိတယ်လို့ လူသုံးကုန်မြို့နယ် အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။

လှိုင်သာယာမြို့နယ်စက်ရုံက အလုပ်သမားဖြစ်လို့ လက်ရှိမှာမြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန် ရှိသူတွေက အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ‌အကုန်လုံးကို စတင်စစ်ဆေးနေတာဖြစ်ပါတယ်။

“ ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန်ရှိသူတွေ အဲ့ဒီကိုရောက်နေပါပြီ။ သူတို့ဆီက ကွန်ဖမ်းဖြစ်မှ ပြန် ပြောလို့ရပါမယ်။ အခုတော့ contact တွေကိုလိုက်နေပါပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို ကွန်တက်လိုက်နေပါပြီ။ စက်ရုံမှာ သူထိတွေ့ခဲ့တဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ အညီ သူတို့ဆောင်ရွက်နေပါတယ်။ အဲ့ဒီက လူလို့ပဲ ဒီကိုတော့ ပို့ထားတယ်။ အတိကျကိုတော့ ဆရာမတွေသွားပြီး ကွန်ဖမ်းလုပ်နေပါတယ်။ သူသွားခဲ့တဲ့ ကွန်တက်တွေ အားလုံးရအောင် ဆရာမကြီးလိုက်နေတယ်။ ”လို့ လှိုင်သာယာမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၂ ဦးမြတ်မင်းသူက ပြောပါတယ်။

အဲ့ဒီစက်ရုံက လှိုင်သာယာမြို့နယ်မှာ အကြီးဆုံး စက်ရုံဖြစ်လို့ လှိုင်သာယာမြို့နယ်ကို လော့ဒေါင်းချတာ၊ စက်ရုံတွေကိုပိတ်ပြီး အလုပ်သမားတွေကို ကွာရန်တင်းထားဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ လူသုံးကုန်မြို့နယ် အလုပ်သမားအဖွဲ့အစည်း မြို့နယ် ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။

“ အခုစစ်နေတယ်လို့ကြားတယ်။ ဖုန်းနဲ့ကွန်ဖန်းလုပ်ရတာတော့ ချန်းရီ စက်ရုံက ဟုတ်တယ်။ လူနာက ဈေးလေးမှတ်တိုင် ၊ ၇ ရပ်ကွက်ဖြစ်မယ်။ ချန်းရီ ဖိနပ်စက်ရုံပါ။ အလုပ်သမား ၈၀၀၀ လောက်ရှိတယ်။ တကယ်သေချာရင် လှိုင်သာယာမြို့နယ် တစ်ခုလုံးကို လေ့ာဒေါင်းချလိုက်ရမယ့်အခြေနေဖြစ်သွားပြီ။ နေရာတိုင်းမှာ ချန်းရီအလုပ်သမားများတယ်။ မနေ့က စစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပေးလိုက်တယ်ေတာ့ပြောတယ်။ တကယ်သာမှန်ရင် အားလုံးကိုကွာရန်တင်းထားရမှာဖြစ်တယ်။ ကျွန်တော်ရုံးမှာကို ချန်းရီက အလုပ်သမား ၂ယောက်နေတယ်။ ကွာရန်တင်းချရင် ကျနော်ကိုယ်တိုင်ပါမယ်။ လှိုင်သာယာစက်ရုံတော်တော်များများကို လော့ဒေါင်းချရမယ့်သဘော။ " လို့ ဦးမျိုးဇော်က ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကလည်း Case 144 ဟာ လှိုင်သာယာမြို့နယ်မှာ အလုပ်လုပ်ပြီး ပြန်လာသူလို့ အတည်ပြုပြောထားသလို ပြည်နယ်လူမှုရေးဝန်ကြီးကလည်း လူနာနဲ့ထိစပ်မှုတွေကို လိုက်လံစစ်ဆေးပြီး လုပ်သင့်တာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment