Tuesday, November 1, 2022

မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက် ရမည့် Action Plan ၁၁ ချက်အား ဗဟိုဘဏ် ဥက္ကဋ္ဌဆွေးနွေး

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၂)အား နိုဝင်ဘာ ၁ ရက်ကပြုလုပ်စဥ် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက် ရမည့် Action Plan ၁၁ ချက်အပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ထားရှိမှုများ၊ဆက်လက် ဆောင်ရွက်ရမည့်အချက်များ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အချက်များအား ဗဟိုဘဏ် ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းအဖွဲ့ ဒု-ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက Action Plan အ ချက် ၁၁ ချက်အနက် နိုဝင်ဘာလအတွင်း အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက် ၄ ချက်အား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဓိကနယ်ပယ်များရှိ ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊ ကျောက်မျက်၊ရွှေရောင်းဝယ်သူများ၊အိမ်ခြံမြေတို့အား ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြုကွင်းဆင်း/ရုံးထိုင် စစ်ဆေးမှုများဦးစားပေးဆောင် ရွက်ရန်၊အသိပညာဖြန့်ဝေခြင်း၊မှတ်ပုံတင်ခြင်းနှင့်ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့်ဆက်စပ်သည့် စည်းမျဉ်းများကို အကောင်အထည်ဖော်ဆောင်မှုပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူအများအပြား သေကျေစေသည့် လက် နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ် မှတ်ထား အရေးယူမှုဆိုင်ရာ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ သတင်းပို့အဖွဲ့အစည်းများအား အသိပညာပေးသည့်လုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်ရန်နှင့်၎င်းတို့ကို ကြီး ကြပ်ဆောင်ရွက်မှုတိုးမြှင့်ပြုလုပ်ရန်ကိစ္စရပ်နှင့်ဆက်လက်ဆောင်ရွက်ရမည့်အချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

Popular

0 comments:

Post a Comment