Monday, November 7, 2022

မွန်ပြည်နယ်ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်ကျွမ်းမှုဖြစ်၍ ပျက်စီးဆုံးရှုံးခဲ့

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ဝဲဘို့တောင်ကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းဝင်းတွင်းရှိ ရှေးဟောင်းကျောင်းဆောင် နိုဝင်ဘာ ၈ ရက် (ယနေ့)နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၇ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ရာ သံဖြူဇရပ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊စေတ နာရှင်လူမှုကူညီရေးအသင်းဝင်များ အပါအဝင် မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့မှုကြောင့် နာရီဝက်ကျော်အကြာ၌ မီးငြိမ်းသွားခဲ့ပြီး ရှေးဟောင်းကျောင်းဆောင်မှာ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု စေတနာရှင်လူမှုကူညီရေးအသင်းမှ သိရသည်။

“ကျွန်တော်တို့ကြားတာကတော့ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ သိထားတယ် အဲဒီကျောင်းဆောင်က ဝဲဘို့တောင်ရွာမှာအကြီးဆုံးပဲ အပြင်ဘက်ကအုတ်နဲ့ပြန်ပြီးပြင်ဆင်ထားတာ အတွင်းကတော့ရှေးဟောင်းသစ်တွေ ကျောင်းဆောင် တစ်ခုလုံးပျက်စီးသွားပါတယ်”ဟု စေတနာရှင်လူ မှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်၌ ကျောင်းဆောင်ပျက်စီးဆုံး ရှုံးခဲ့ပြီး လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှာမရှိခဲ့ဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-စေတနာရှင်လူမှုကူညီရေးအသင်း

Popular

0 comments:

Post a Comment