Tuesday, November 1, 2022

အစိုးရချေးငွေတွေကို တာဝန်သိစိတ်ဖြင့် ပြန်ဆပ်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

နိုင်ငံတော်က ထုတ်ချေးပေးထားတဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို တာဝန်သိစိတ်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းဝေးမှာ ‘‘အဆိုပါချေးငွေများ ပြန်လည်ရရှိမှသာ နိုင်ငံတော်အနေနဲ့ အခြားလိုအပ်သူတွေကို ထပ်မံထုတ်ချေးပေးနိုင်မည်ဖြစ်သည်’’လို့ ယင်းက ဆိုပါတယ်။
အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာစေရးအတွက် ချေးငွေတွေကို ခေါင်းစဉ်အလိုက် ထုတ်ချေးပေးထားတာပါ။
ဆက်လက်ပြီး ၎င်းက အဆိုပါချေးငွေတွေ ပြန်လည်ပေးဆပ်ရမယ့် ကာလကိုလည်း လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုတွေကြောင့် သတ်မှတ်ကာလတစ်ခုကို ရွှေ့ဆိုင်းပေးခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတော်ဘက်ကလည်း လည်ပတ်ငွေတွေ ရှိနေမှသာ စီးပွားရေးလုပ်ငန်းတွေကလည်း တိုးတက်ကောင်းမွန်မှာဖြစ်တာကြောင့် ချေးငွေတွေကို သတ်မှတ်ချိန်အတွင်း အချိန်မီ ပြန်လည်ပေးဆပ်ဖို့ လိုတယ်လို့ ဆိုထားပါတယ်။
ထို့အတွက်ကြောင့် ချေးငွေတွေ ပြန်လည်ရရှိမှသာ နိုင်ငံတော်အနေနဲ့ အခြားလိုအပ်သူတွေကို ထပ်မံ ထုတ်ချေးပေးနိုင်မှာ ဖြစ်တယ်လို့ ယင်းက ပြောကြားခဲ့ပါတယ်။
‘‘အားလုံးမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ကြရန် လိုပါတယ်’’လို့ ယင်းက တိုက်တွန်းထားပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment