Tuesday, November 1, 2022

ရေကို ချွေတာသုံးစွဲပါလို့ နစက ဥက္ကဋ္ဌပြော

ရေကို ချွေတာသုံးစွဲပါလို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။လာမည့် နွေရာသီမှာ စစ်ကိုင်း၊ မကွေးနဲ့  မန္တလေးတိုင်းတို့မှာ ရေရှားပါးမှုတွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ယင်းက “  ရေကိုအဟောသိကံ သုံးစွဲခြင်းများမပြုလုပ်ဘဲ ရေကိုချွေတာသုံးစွဲကြရန် လိုပါ တယ်။  လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးစသည့် မြေလတ်ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်တယ်” လို့ ပြောပါတယ်။

ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ယခင်နှစ် ကာလတူထက် မိုးရေချိန် နည်းပါးသောကြောင့် အချို့သော ဆည်များအတွင်းသို့ ရေဝင်ရောက်မှုများ လျော့နည်း တယ်ဆို ပြီးတော့လည်း ပြောပါတယ်။  

ရေရှိရေး အတွက် တာဝန်ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထား ကြရန်လိုတယ်လို့လည်းပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)မှာ ပြောတာပါ။


MyanmaPlatform

0 comments:

Post a Comment