တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းမှာတော့ ရန်ကုန်မြို့က မြို့နယ်အချို့မှာ ပံ့သကူအလှူ လိုက်ကောက်သူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ 
ရန်ကုန်မြို့ လမ်းမပေါ်တွေ နဲ့ ရပ်ကွက်ထဲ လမ်းတွေမှာပါ ပံ့သကူအလှူ ပစ်ကြသူတွေ ရှိသလို ပံ့သကူ စောင့်ဆိုင်းပြီး လိုက်ကောက်နေသူပါ ရှိနေတာကို တွေ့ရပါတယ်။ 
ပံ့သကူအလှူ အများဆုံး ပစ်ကြတာတော့ ငွေကြေးဖြစ်တာကို တွေ့ရပြီး ပစ္စည်းတွေပါ ပစ်ကြတာကိုလည်း တွေ့ရပါတယ်။ 
ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာတော့ ပံ့သကူအလှူအဖြစ် ဖုန်းဘေ လှူတာကိုလည်းတွေ့ရပါတယ်။
တန်ဆောင်မုန်းလပြည့်ည ပံ့သကူ ကောက်ကြသည့်သူများ။ 
Photo - One News
 






 
 
 
 
 
0 comments:
Post a Comment