Tuesday, November 1, 2022

တိုင်းပြည်စီးပွားရေးမတိုးလို့ ဝန်ထမ်းတွေ လစာတိုးပေးလို့မရဘူးလို့ နစက ဥက္ကဋ္ဌပြော

တိုင်းပြည်စီးပွားရေးမတိုးလို့ ဝန်ထမ်းတွေ လစာတိုးပေးလို့မရဘူးလို့ နစက  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 

ယင်းက “ဝန်ထမ်းအင်အားဖြင့် ဌာနအလိုက် သတ်မှတ်ပေးထားသည့် လုပ်ငန်း တာဝန်များကို လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ မလိုအပ်ဘဲ ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင် စေခြင်း မပြုရန်လိုအပ်ကြောင်း၊ ဦးစီးဌာနနှင့် လုပ်ငန်းလုပ် ဆောင် သည့်ဌာန လုပ်ငန်း တာဝန်အလိုက် မှန်ကန်စွာလုပ်ဆောင်ရန် လိုကြောင်း၊ လုပ်ခလစာ တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ တိုင်းပြည်၏ စီးပွားရေးမတိုးတက်ဘဲ ဆောင်ရွက်ပေး၍ မရပါကြောင်း၊   ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရသင့်ရထိုက်သည့် ဝင်ငွေများ အပြည့်အဝရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်တယ်” လို့ နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)မှာ ပြောတာပါ။

ဝန်ထမ်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အထက်အောက် နွေးထွေးစွာ ဆက်ဆံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရာတွင် ညီညွတ်မျှတသောအုပ်ချုပ်မှုစနစ်ဖြစ်ရန် လိုအပ်ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရန်လို အပ်သလို ဝန်ကြီးဌာနများအောက်ရှိ လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ပြီး ဦးစီးဌာနများအနေဖြင့် ဝန်ကြီးဌာနကချမှတ်ပေးသည့် မူဝါဒများကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုတယ်လို့လည်း ယင်းက ထပ်မံ ပြောပါတယ်။  

နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ပြီး၊ ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို သိရှိအောင်ကြိုးစားကာ နိုင်ငံခြားဈေးကွက် ရရှိအောင် ဖော်ဆောင်၍ နိုင်ငံ၏စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ 


MyanmaPlatform

0 comments:

Post a Comment