Monday, November 7, 2022

မန္တလေးမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီ ရုံးခန်းတစ်ခု ဓားပြတိုက်ခံရလို့ သိန်း ၃၀၀‌ ကျော် ပါသွား

မန္တလေးမြို ရှိ ဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းတစ်ခု နိုဝင်ဘာ ၆ ရက်နေ့လယ်ပိုင်းက ဓားပြတိုက်ခံလိုက်ရသဖြင့် ငွေ သိန်း ၃၀၀ ကျော် ပါသွားတယ်လို့ သိရပါတယ်။
အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီမှာ ပြည်ကြီးတံခွန်မြိုနယ် ၊ငွေတော်ကြည်ကုန်းရပ်ကွက် ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းဖြစ်ပြီး နေ့လယ် ၁ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာကာ သေနတ်ပြ‌ခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာလို သိရပါတယ်။
ဓားပြတိုက်ခံရတဲ့အချိန်မှာ ရုံးခန်းထဲ ဝန်ထမ်း ၅ ဦးရှိနေပြီး ဓားပြတိုက်မှုမှာ ငွေကျပ်သိန်း ၃၂၀ နဲ့ ဖုန်း ၂ လုံးပါသွားတယ်လိုသိရပါတယ်။

Opinion

0 comments:

Post a Comment