Tuesday, November 1, 2022

ပို့ကုန်ဝင်ငွေ တင်ပြမှ သွင်းကုန်ခွင့်ပြုမယ်လို့ ညွှန်ကြားချက် မှောင်ခို တစ်ခတ် ပြန်ရောက်သွားနိုင်တယ်လို့ ကုန်သည်တွေ ပြော

ပို့ကုန်ဝင်ငွေ တင်ပြမှ သွင်းကုန်ခွင့်ပြုမယ်လို့  ညွှန်ကြားချက်က နယ်စပ်ကုန်သွယ်ရေး တွေ ကို ထိခိုက်လာပြီးမှောင်ခိုတစ်ခတ် ပြန်ရောက်သွားနိုင်တယ်လို့ နယ်စပ်ကုန်သွယ် ရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့စပြီးတော့  ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေစဉ် တွေမှာ ပို့ကုန်ဝင်ငွေ တင်ပြနိုင်မှသာ သွင်းကုန်ခွင့်ပြုပေးတော့မည်ဟု ကုန်သွယ်ရေးဦး စီးဌာန ထုတ်ပြန်လိုက်တာပါ။  

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် တစ်ဦးက “ နယ်စပ်ကနေ ပို့ကုန်ရငွေနဲ့ တင်သွင်းခွင့် ပြုတဲ့ စနစ်ကို  ပြန်အသက်သွင်းတာပေါ့နော်။ အရင်ဦးသိန်းစိန်လက်ထက် အဲဒါကိုပယ် လိုက်တာ။ အဓိက မှောင်ခိုတွေ မရှိအောင်ပေါ့။ တရားဝင်လမ်းကြောင်းနဲ့သွားတဲ့ စနစ်ဖြစ်အောင် လုပ်ခဲ့တာပေါ့။ အခုက ကုန်သွယ်ရေး  လုပ်ငန်းတွေမှာ အရင်တုန်းက ကြိုးနီစနစ်တွေ ပြန်ပေါ်လာတာပေါ့ ။ အဲဒီလိုဆိုရင် ကုန်သွယ်ရေးလုပ်ငန်းတွေလည်း အရင်လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလုပ်ခဲ့ကြတဲ့ ပုံစံအတိုင်းပြန်ဖြစ်သွားမှာပေါ” လို့ မှတ်ချက် ပေးပါတယ်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ တကယ့် မြေပြင်အခြေအနေနဲ့ မူဝါဒ တွေ ချမှတ်တာတွေက ကွာဟနေပြီး ကုန်သွယ်မှုကို ကန့်သတ်လိုက်လို့ မှောင်ခို ဈေးကွက် တစ်ခတ် ပြန်ထလာပြီး နိုင်ငံအတွက်အခွန်ဆုံးရှုံးမှုတွေ ပြန်ဖြစ်လာမယ်လို့လည်း ကုန်သည်အသိုင်းအဝိုင်းက မှတ်ချက်ပေးပါတယ်။

အဆိုပါ နယ်စပ် လမ်းကြောင်းမှ သွင်းကုန်တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ပို့ကုန်မှ ဝင်ငွေ ဝင်ရောက်ကြောင်း သပ်ဆိုင်ရာဘဏ်များမှ ရရှိသည့် အထောက်အထားကို ကုန်သွယ်‌ရေး ဦးစီးဌာနသို့ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ စစ်ဆေးပြီးပါက ဘဏ်‌ငွေစာရင်း လက်ကျန်ထက် မကျော်လွန်သော သွင်းကုန်လိုင်စင်ကို ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများ အနေဖြင့် မိမိ၏ ပို့ကုန် ရငွေကို သွင်းကုန်ပြန်လည် တင်သွင်းခြင်း သို့မဟုတ် အခြားကုမ္ပဏီ တစ်ခုခုအား သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကို လုပ်ဆောင်နိုင်တယ်လို့ လည်းဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ်စနစ်ဖြင့် ငွေပေးချေမှု စနစ်တကျရှိစေရေးအတွက် သွင်းကုန် လုပ်ငန်းအားလုံးကို ဘဏ်စနစ်တစ်ခုတည်း ဖြင့်သာ ငွေပေးချေခွင့် ပြုမယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment