Tuesday, November 22, 2022

မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိသူ ၁၂ သန်းကျော်ရှိနေ

မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိသူ ၁၂ သန်းကျော်ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းတွေအရသိရပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူရောမပြည့်သေးသူတွေကိုပါ ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ရဲ့ လစဥ်တိုက်ဆိုင်စစ်ဆေးမှုတွေအရ အောက်တိုဘာလအထိစာရင်းတွေကို မနေ့က နေပြည်တော်မှာလုပ်တဲ့ မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တင်ပြခဲ့ကြတာဖြစ်ပါတယ်။

မှတ်ပုံတင် ကိုင်ဆောင်ထားသူ အရေအတွက်က ၂၉ သန်းကျော် ရှိတယ်လို့ တစ်ဆက်ထဲ ထုတ်ပြန်ပါတယ်။

မြေပြင်တိုက်ဆိုင်စစ်ဆေးမှုတွေအရ မှတ်ပုံတင် နှစ်ကြိမ်ထပ်နေသူ တစ်သိန်းကျော် ကို လျှော့ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ပုံတင် သုံးကြိမ်ထပ်နေသူ တစ်သောင်းကျော်ကိုလည်း လျှော့ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မှတ်ပုံတင်မှာလွဲနေတဲ့ အချက်အလက်ပေါင်း တစ်သန်းခွဲကျော်ကို ပြင်ဆင်ခဲ့ရတယ်လို့ မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို အသက် ၁၀ နှစ်ပြည့်ရင် စတင်လုပ်ဆောင်ပေးနေပြီး အသက် ၁၈ နှစ်ပြည့်ရင် ၁၈ နှစ်ပြည့်မှတ်ပုံတင်ကို ထပ်လုပ်ရတာဖြစ်ပါတယ်။


BBC


0 comments:

Post a Comment