Tuesday, November 22, 2022

ဗိုလ်ဒါဘော၏ ကော်ဘရာစစ်ကြောင်းမှ အမျိုးသမီးလက်ဖြောင့်စစ်သည် နော်အဲ့မူး တိုက်ပွဲတွင်သေဆုံးပြီး အလောင်းပြန်မရသေးဟု သိရ

KNLA မှ ဗိုလ်ဒါဘော၏ ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင် အမျိုးသမီးလက်ဖြောင့်စစ်သည် နော်အဲ့မူး တိုက်ပွဲတွင် သေဆုံးပြီး လက်ရှိအချိန်အထိ အလောင်းပြန်မရသေးဟု ကနဦးသတင်းများအရ သိရသည်။
တပ်မ (၄၄) ၏ ဗျုဟာမှူးကို ပစ်ခတ်ခဲ့သည်ဆိုကာ အမွှန်းတင်ခံရသည့် နော်အဲ့မူးမှာ လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် သေဘော့ဘိုးတိုက်ပွဲတွင် နိုဝင်ဘာ ၂၂ ရက်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိအချိန်တွင် အလောင်းမပါသော စျာပန ပြုလုပ်နေသည်ဟုလည်း သိရသည်။
"ကားနဲ့သွားချိန် အထုခံလိုက်ရတာလို့လည်း ကနဦးသိရတယ်။ အလောင်းပြန်သယ်ဖို့မလွယ်သေးဘူးဖြစ်နေတာ။ ပြန်ရဖို့လည်း မသေချာဘူး" ဟု နော်အဲ့မူးသေဆုံးသည့်ဖြစ်စဥ်သိရှိသူတစ်ဦးက ဆိုသည်။
သူနာပြုဆရာမတစ်ဦးအဖြစ်မှ CDM ဝင်လာခဲ့ပြီး KNLA မှ ဗိုလ်ဒါဘော၏ ကော်ဘရာစစ်ကြောင်း လက်အောက်ခံ PDF တစ်ဦးအဖြစ် လူသိများခဲ့သည့် နော်အဲ့မူး သေဆုံးသည့်လက်ရှိဖြစ်စဥ်နှင့်ပတ်သက်ပြီး AAC မှ ကိုရဲမင်းက"တာဝန်ရှိသူ​တွေတိကျခိုင်လုံတဲ့ သတင်း​ထုတ်ပြန်ပါလိမ့်မယ် သတင်းမှား​တွေ​နောက်မလိုက်ပါနဲ့"ဟု ပို့စ်တင်ထားပြီး အများစုကမူ ကော်ဘရာစစ်ကြောင်းမှ PDF များ ဘေးကင်းရန် ဆုတောင်းပေးနေသည်များလည်း တွေ့ရသည်။

0 comments:

Post a Comment