Tuesday, November 1, 2022

မြန်မာမှာ နေရပ်စွန့်ခွာနေရတဲ့ ကလေးငယ် ၅ သိန်းကျော် အထိရှိလာ


မြန်မာမှာ နေရပ်စွန့်ခွာနေရတဲ့  ကလေးငယ် ၅ သိန်းအထိရှိလာတယ်လို့ Save the Children  က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း  ပဋိပက္ခတွေကနေ အိုးအိမ်စွန့် ထွက်ပြေးရသူပေါင်း ( ၁ ဒသမ ၄ သန်းကျော်) ထဲမှာ ကလေးငယ်  ၅ သိန်းကျော် ပါဝင်တယ်လို့ဆိုပါတယ်။

အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်ရသူ  ကလေးငယ်တွေအတွက်  အကူအညီ အကြီးအကျယ် လိုအပ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး အကာအကွယ်ပေးကြဖို့လည်း   တိုက်တွန်းထားပါတယ်။

မြန်မာမှာ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအသစ် ( ၁ ဒသမ ၁ သန်း )ထိ တိုးလာတာကြောင့် နိုင်ငံတွင်းမှာပဲ အိုးအိမ်စွန့် ထွက်ပြေးရသူ ( ၁ ဒသမ ၄ သန်း) ထိ ရောက်ရှိနေ တယ်လို့ လည်းဆိုပါတယ်။


MyanmaPlatform

0 comments:

Post a Comment