Tuesday, November 22, 2022

ဒေါ်လာဈေး တအိအိဖြင့် ဆက်တိုက်ပြန်ကျလာ ၊ တစ်ဒါ်လာ ၂၈၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်

တစ်ဒေါ်လာ ၄၅၀၀ ကျပ်အထိ စံချိန်တင် အတက်ကြမ်းခဲ့သည့် အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းမှာ တအိအိပြန်လည်ကျဆင်းလာပြီး ယနေ့ နိုဝင်ဘာ (၂၂) ရက် ဈေး ကွက်အတွင်း ပေါက်ဈေး မှာ တစ်ဒေါ်လာ ၂၈၇၀ ကျပ်ဝန်းကျင်ဖြင့် ‌ဈေးဖွင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ် ဈေးကွက်ပိတ်ချိန်တွင် တစ်ဒေါ်လာ ၂၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် ဒေါ်လာဈေးနှုန်းမှာ ယနေ့ ညနေပိုင်းတွင် တစ်ဒေါ်လာ ၂၈၇၀ ဖြင့် အရောင်းပိတ်ခဲ့ကြောင်း ရန်ကုန်ငွေလဲဈေး ကွက်အတွင်းမှ သိရသည်။
" ၂၉၀၀ ကပ်ကပ်ပေါ့ ။ ညနေပိုင်း ပါးပါးထပ်ကျတယ်" ဟု ရန်ကုန်မြို့မှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ ဈေးနှုန်းသည် ယမန်နေ့ ညနေပိုင်းဈေးကွက် ပိ တ်ချိန်ဈေးနှုန်းထက် အနည်းငယ် ကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျင် (၂၀) ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းခဲ့ကြော င်း သိရသည်။
အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း မူဝါဒအပြောင်း အ လဲများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျဆင်းလာပြီးနောက် ပြည်တွင်း၌လည်း ကာလအတော်ကြာ တန့်နေသည့် ငွေလဲဈေးနှုန်းမှာ တဖြေးဖြေး ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။
ယခုလို ပြည်တွင်း ငွေလဲနှုန်းကျဆင်းလာခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်း အကျဘက်သို့ရောက်လာခြင်း ၊ ကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းလာခြင်းတို့အပါအဝင် ပြည်တွင်း ၌ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြေရှင်းလာနိုင်သည့် အခြေအနေများနှင့်ပါ သက်ဆိုင်နေကြောင်း ငွေကြေးကျွမ်းကျင်သူများက သုံးသပ်မှုများလည်း ရှိသည်။
" အကုန်လုံးနဲ့ သွားချိတ်ဆက်နေတာပေါ့နော်။ အခုက ‌ကမ္ဘာ့ရေနံဈေး နည်းနည်းကျနေတယ်။ ရွှေဈေးလည်း ဒီလိုပဲ။ ပြီးတော့ ကမ္ဘာ့ဈေးကွက်မှာလည်း ဒေါ်လာတန်ဖိုးက ကျနေတယ်ပေါ့ ။ အဲဒါတွေနဲ့လည်ဆိုင်သလို အခုနောက် ပိုင်းမှာ ပြည်တွင်းက ဒေါ်လာ လိုအပ်ချက်ကို ဖြေရှင်းနိုင်လာတဲ့ အပေါ်မှာလည်း ဆိုင်တယ်။ မလိုဘူးတော့မဟုတ်ဘူး။ အရင်ကလောက် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်တော့ဘူးပေါ့။ အစိုးရကလည်း ဝင်ထိန်းပေးနေတာရှိတာဆိုတော့လေ" ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တ စ်ဦးက ပြောသည်။
ပြည်တွင်းရှိ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြေရှင်းသည့်အနေဖြင့် အစိုးရက ကန်ဒေါ်လာသန်း ရာနှင့်ချီ ထုတ်ချေးပေးခြင်း ၊ ပုဂ္ဂလိကဘဏ်များမှတဆင့် ဒေါ်လာထုတ်ရော င်းခြင်းများ လုပ်ဆောင်ထားပြီး ၊ ရုရှ ၊ တရုတ်၊ ထိုင်း၊ အိ န္ဒိယ နိုင်ငံငွေကြေးများနှင့် တိုက်ရိုက်ကုန်သွယ်သည့် စနစ်ကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း နစက တာဝန်ရှိသူများက ပြောကြားထားသည်။

Popular

0 comments:

Post a Comment