Tuesday, November 1, 2022

SAC အစိုးရအဖွဲ့ ကထိန်သင်္ကန်းကပ်လှုနေစဥ် မီးမပြတ်ရေး စီမံချက်ချ လုပ်ဆောင်နေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ ကထိန်သင်္ကန်း ကပ်လှုနေစဥ် မီးမပြတ်ရေးအတွက် စီမံချက်ချလုပ်ဆောင်နေကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပစဉ် အတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေးတို့အတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထူးတာဝန် တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကထိန်သင်္ကန်းလှူဒါန်းပွဲ အခမ်းအနား ကျင်းပမည့်နေရာနှင့် သံဃာတော် အရှင်သူမြတ်များ သီတင်းသုံးမည့် နေရာများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး နိုင်ငံတော်
အဆင့်ကျင်းပမည့် အခမ်းအနားဖြစ်သဖြင့် ကြီးကြပ်သူများက စဥ်ဆက်မပြတ်ကွပ်ကဲသွားရန်၊ အဖွဲ့ဝင်များကလည်းအချိတ်အဆက်မိမိဖြင့် ဆောင်ရွက်ကာ လိုအပ်သည်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းအပြောင်းအလဲရှိပါက အမြန် ဆုံး ချိတ်ဆက်ဆောင်ရွက်ရန်၊ ဝန်အားပြည့်ဖြင့် စမ်းသပ်သုံးစွဲ၍ အခြေအနေကို စိစစ်၍ လိုအပ်သည်များ ပြင်ဆင်ကြရန်၊ UPS များBattery Bank များ၊ Transformer နှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် ဒီဇယ်ဓာတ်အားပေးစက်များအား . ကြံ့ခိုင်မှုကောင်းမွန်စေရေး အလေး ပေးဆောင်ရွက်ရန်၊ ဓာတ်အား ဖြန့်ဖြူးမည့်နေရာများတွင်လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေး လိုအပ်သည်များ ဆောင်ရွက်ပေးရန်နှင့် အရန်ပစ္စည်းကိရိယာများ အမြဲအသင့်ရှိစေရန် စသည်ဖြင့် ပြောကြားသည်။
နိုင်ငံတော်အဆင့်တာဝန်ရှိသူများအနေဖြင့် နှစ်စဥ် တန်ဆောင်မုန်းလပြည့်တွင် သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းဆပ်ကပ်လေ့ရှိပြီး ယခုနှစ်တွင် တန်ဆောင်မုန်းလပြည့်နေ့မှာ နိုဝင်ဘာ ၇ ရက်တွင် ကျရောက်သည်။

ပုံစာ။ SAC အစိုးရအဖွဲ့ ကထိန်သင်္ကန်းကပ်စဥ် မီးမပြတ်ရေး ကြိုတင်ဆောင်ရွက်နေမှုမြင်ကွင်းအား တွေ့ရစဥ်
(Photo - MOI)

0 comments:

Post a Comment