Tuesday, November 22, 2022

အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် "လျှပ်စစ်ကားများမှအပ" အစား "ဘက်ထရီ လျှပ်စစ်ကား(BEV)နှင့် ယင်း၏ ဘက်ထရီ" ဟု ထပ်မံပြင်ဆင်


နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး၍ ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၁၉ ၊ နစက ဥပဒေအမှတ် ၄၈/ ၂၀၂၂ တို့အရ ၂ဝ၂၂ ခုနှစ်၊ပြည်ထောင်စု၏အ ခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအား နိုဝင်ဘာ ၁၇ ရက်ကပြဌာန်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင် ဆင်သည့် ဥပဒေ၏ ပုဒ်မ ၃ နှင့် ပုဒ်မ ၄ ပါ ကိစ္စများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊မတ် ၃၁ ရက်အထိ ပုဒ်မ ၅ ပါကိစ္စသည်လည်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊မတ် ၃၁ ရက်အထိ အသီးသီးအကျိုးသက် ရောက်မည်ဖြစ်သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)အထူးကုန် စည်ခွန်ကျသင့်စေသည့် ဇယားအမှတ်စဉ် ၁၂ (က)(ခ)နှင့်(ဂ)တို့တွင်ပါရှိသည့် “လျှပ်စစ်ကားများမှအပ” ဆိုသည့်စကားရပ်အား “ဘက်ထရီလျှပ်စစ်ကား(Battery Electric Vehicle (BEV)] များမှအပ"ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်ဟု ပြဌာန်းခဲ့သည်။
ပုဒ်မ ၁၄ ပုဒ်မခွဲ(က)ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ကုန်စည်များဇယား၏ အမှတ်စဉ် ၄၅ နောက်၌ အမှတ်စဉ် ၄၆ အား ဘက်ထရီလျှပ် စစ်ကား[Battery Electric Vehicle (BEV)]နှင့် ယင်း၏ ဘက်ထရီ အဖြစ်ထပ်မံဖြည့်စွက်ခဲ့သည်။
ထို့ပြင် ပုဒ်မ ၂၃ ၏နောက်၌ ပုဒ်မ ၂၃-က အဖြစ် “၂၃-က။ ပုဒ်မ ၂၃၊ ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂိုလ်စုဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်"ဟု ထပ်မံဖြည့်စွက်ခဲ့သည်။

Popular

0 comments:

Post a Comment