Tuesday, November 22, 2022

အာဂျင်တီးနားကို အနိုင်ရခြင်းအထိမ်းအမှတ် အများပြည်သူအားလပ်ရက်အဖြစ် ဆော်ဒီအာရေဗျ ကြေညာ

ကမ္ဘာ့ထိပ်တန်း ဘောလုံးအင်အားကြီး အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိလိုက်ပြီးတဲ့နောက် ဒီအောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောဒီအာရေဗျဘုရင် ဆယ်လ်မန်က နိုဝင်ဘာလ (၂၃)ရက်ကို အများပြည်သူတွေရဲ့ အလုပ်အားလပ်ရက်အဖြစ် ကြေညာလိုက်ပါတယ်။
ဒါကြောင့်မို့လို့ နိုဝင်ဘာ(၂၃)မှာ ဆော်ဒီအာရေဗျမှာ အလုပ်သမား၊ ကျောင်းသား နဲ့ ဝန်ထမ်းတွေအားလုံး ကျောင်းတက်စရာမလို၊ အလုပ်ဆင်းဖို့မလိုဘဲ လွတ်လွတ်လပ်လပ် နေနိုင်ကြတယ်လို့ သိရတယ်။
ကမ္ဘာ့လားသမိုင်းမှာ တုန်လှုပ်စရာအကောင်းဆုံးအဖြစ် အာရှအသင်းငယ် ဆော်ဒီအာရေဗျက ကမ္ဘာ့ဘောလုံးထိပ်တန်း အာဂျင်တီးနားကို နိုဝင်ဘာ(၂၂)၊ အုပ်စုC ပွဲစဉ်မှာ (၂-၁) နဲ့ အနိုင်ရရှိသွားခဲ့တယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီ အပါအဝင် ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေကြတဲ့ ဘောလုံးသမားအများစု ပါဝင်တဲ့ အာဂျင်တီးနားအသင်းဟာ လုံးဝထင်မှတ်မထားဘဲ အာရှအသင်းငယ် ဆော်ဒီအာရေဗျကို ရှုံးနိမ့်သွားခဲ့တယ်။ ပထမပိုင်းပွဲစပြီးမကြာမီမှာ အာဂျင်တီးနားက ပင်နယ်တီရရှိပြီး မက်ဆီက သွင်းခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဒုတိယပိုင်း ပွဲအစမှာ ဆလာအယ်လ်ရှီရီ နဲ့ ဆလမ်အယ်လ် ဒေါ်ဆာရီတို့ရဲ့ ချေပဂိုးနဲ့ အန်ုင်ဂိုးကြောင့် ကမ္ဘာကျော် အာဂျင်တီးနားအသင်း ရေတိမ်နစ်ခဲ့ရတယ်။
ဆော်ဒီအာရေဗျရဲ့ အာဂျင်တီးနားအပေါ် နိုင်ပွဲက ကမ္ဘာတစ်ဝန်းလုံးက ဘောလုံးပရိသတ်တွေကို အံ့အားသင့်စေခဲ့သလို ဆော်ဒီအတွက် မယုံနိုင်စရာ အောင်ပွဲကြီးဖြစ်ခဲ့တယ်။ ဒါကြောင့် ဘုရင် ဆယ်လ်မန်က ဆော်ဒီပြည်သူတို့ရက် အလုပ်အားလပ်ရက်အဖြစ် နိုဝင်ဘာ(၂၃)ကို ကြေညာသတ်မှတ်လိုက်တာဖြစ်တယ်။ (CWM)

0 comments:

Post a Comment