Monday, November 7, 2022

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ နှစ်ပတ်အတွင်း လုယက်မှုနဲ့ အနုကြမ်းစီးမှု ၇ ခု ထက်မနည်း ဖြစ်ပွားခဲ့

BAP ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ အောက်တိုဘာ ၂၅ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်ထိ ရက်သတ္တပတ် နှစ်ခု အတွင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ အနုကြမ်းစီးမှုနဲ့ လုယက်မှု ၇ ခုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ဒီလိုရာဇဝတ်မှုတွေဟာ မြို့ပြမှာရှိတဲ့ နေအိမ်၊ ကုမ္ပဏီနဲ့ ဆိုင်ခန်းများအပါအဝင် အများပြည်သူ သွားလာနေတဲ့ လမ်းမနဲ့ဘတ်စ်ကား တွေပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ လုယက်မှုများအတွင်း ဖုန်း၊ ကား၊ ဆိုင်ကယ်၊ ပိုက်ဆံနဲ့ ဆွဲကြိုး စတဲ့အရာတွေ ပါသွားခဲ့ပြီး ကျူးလွန်သူတွေဘက်က ရန်ပြုတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
လုယက်မှုနဲ့ အနုကြမ်းစီးမှု ကျူးလွန်သူတွေဟာ အုပ်စုဖွဲ့လှုပ်ရှားကြတာဖြစ်ပြီး ဓားထောက် သို့မဟုတ် သေနက် ပြ၍ဖြစ်စေ၊ ရိုက်နှက်၍ဖြစ်စေ ရန်ပြုတတ်ကြပါတယ်။ နေ့စဥ်ရာဇဝတ်မှုတွေ ဘယ်လောက်ထိ ဖြစ်ပွားနေ လဲနဲ့ပတ်သက်လို့ တိကျတဲ့ခိုင်မာတဲ့ အချက်အလက်စုစည်းထားမှုမရှိပေမယ့် အာဏာသိမ်းပြီးနောက် တရား ဥပဒေစိုးမိုးမှုအားနည်းလာတာကြောင့် နိုင်ငံအတွင်း ရာဇဝတ်မှုတွေ နေ့စဥ်နဲ့အမျှ နေရာအနှံ့မှာ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။
အခုလိုဖြစ်ရပ်တွေမှာ သတင်းမီဒီယာစာမျက်နှာတွေပေါ်ရောက်ခဲ့တဲ့ ဖြစ်စဥ်ရှိသလို မရောက်ခဲ့တဲ့ ဖြစ်စဥ်တွေလည်း အများကြီးရှိနေပါတယ်။
လုယက်အနုကြမ်းစီးမှုတွေအပါအဝင် အခြားသော ရာဇဝတ်မှုတွေဟာ စစ်ကောင်စီတပ်တွေ အခိုင်အမာ လုံခြုံရေးယူထားတဲ့ မြို့ပြတွေမှာပါ ဖြစ်ပွားနေပါတယ်။

ပုံစာ - နိုဝင်ဘာ ၂ ရက်က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက်မှာရှိ မြန်မာသစ္စာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် လုယက်ခံရမှုအပြီးအခြေအနေ (CCTV မှတ်တမ်း)

0 comments:

Post a Comment