Tuesday, November 22, 2022

လူမှုကွန်ယက်မှာ သူမရဲ့ ဂေဟာနာမည်သုံးကာ အလှူခံပြီး ငွေကြေးလိမ်လည်မှုတွေ လုပ်နေလို့ ဂေဟာကိုသာတိုက်ရိုက်ဆက်သွယ်ပါလို့ ခိုင်နှင်းဝေပြော

လူမှုကွန်ယက်မှာ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” အမည်သုံးပြီး ငွေကြေးလိမ်လည်မှုတွေရှိနေလို့ ဂေဟာကိုသာ တိုက်ရိုက်ဆက်သွယ်ပေးကြပါလို့ သရုပ်ဆောင် ခိုင်နှင်းဝေ က သတိပေးပြောကြားလိုက်ပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေက “ ကျွန်မရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” နာမည် နဲ့ page အတုများဖွင့်လှစ်ပြီး  အလှူခံခြင်း၊ ကလေးများကို ခေါ်ယူခြင်း၊ ပြန်လည် မွေးစားခွင့်များ ပေးခြင်း၊ မဟုတ်မမှန် ငွေကြေးများ လိမ်လည်ခြင်းများ ရှိနေပါတယ်” လို့ ပြောကြားထားပါတယ်။

ယင်းကြောင့်  “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” နှင့် ပတ်သက်သည်များအတွက် ဂေဟာ ရဲ့ အသင်း ဖုန်းနံပါတ်များဖြစ်သည့် 09-793841108 ၊09-793841165။ 09-793841194  တို့ကိုသာ ဆက်သွယ်ကြပါလို့လည်း ပြောကြားထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment