Tuesday, November 1, 2022

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ

ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာယူခဲ့သည့်အမှုကို ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံတက်ခဲ့ရာ အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာလ ၁ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ( ခြောက်သိန်း) နှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာပေးခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော်သို့ လာရောက်ကာ သက်သေထွက်ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုအတွက် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အထူးတရားရုံးက ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သောကြောင့် အယူတက်ရာတွင် ပယ်ချခံရခြင်းဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ ပယ်ချခံရပါက အထူးအယူခံဆက်ပြီး တက်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုအမှုကို အထူးအယူခံ ဆက်တက်၊ မတက် မသိရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း ၁၄ မှု အတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပြီး နောက်ဆုံးကျန်ရှိသည့် ရဟတ်ယာဉ် အမှု ငါးမှုကို နေပြည်တော်အချုပ်ထောင် အထူးတရားရုံးတွင် လက်ရှိရင်ဆိုင်နေရကြောင်း သိရသည်။

0 comments:

Post a Comment