Monday, November 7, 2022

အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာကို အမေရိကန်တိုက်တွန်း

အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ဖို့ နဲ့ စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာကို အမေရိကန်တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ နိုဝင်ဘာ(၈)ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (၂) နှစ်ပြည့်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန် က ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
" အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ဖို့ မိတ်ဖက်တွေနဲ့ အတူဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ စစ်ကောင်စီအဖွဲ့ကစီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိ အနေအထားအရ လွတ်လပ်ပြီးတရားမျှတမှုရှိဖို့မဖြစ်နိုင်သလို ဟန်ပြရွေးကောက်ပွဲတခုသာဖြစ်ပါတယ်" လို့သူကပြောပါတယ်။
ဒါ့အပြင် NUG နဲ့တခြားသော ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့ သူကပြောပါတယ်။
" အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ရိုဟင်ဂျာ လူမျိုးတွေကဲ့သို့ လူနည်းစုတိုင်းရင်းသားတွေအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆက်လက် အားပေးထောက်ခံသွားမယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းယူပြီးနောက် လူပေါင်း (၂၄၀၀) ကျော်သတ်ဖြတ်ခဲ့သလို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင်လူပေါင်း (၁၆၀၀၀) ကျော် ဖမ်းဆီထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

C8 News

0 comments:

Post a Comment