Tuesday, November 1, 2022

ဆိုင်ကလုန်းမုန်တိုင်း၏ စီတရန်(SITRANG) အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး နေအိမ် အချို့ပျက်စီးကာ လူသေဆုံးမှုလည်းရှိခဲ့

ဆိုင်ကလုန်းမုန်တိုင်း စီတရန်(SITRANG)၏ အရှိန်သက်ရောက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့ပျက်စီးကာ လူသေဆုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

လူသေဆုံးမှုမှာ ဒေးဒရဲဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေပြင်းဒဏ်ကြောင့် လူနေအိမ်ပေါ် သစ်ပင်ပိခဲ့သဖြင့် လူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီ့ရက်ထဲမှာ လေပြင်းတိုက်တာတို့ မိုးရွာတာတို့ ရှိခဲ့တယ်။ အများကြီးတော့ မဖြစ်ပါဘူး။ လေကျတဲ့ တချို့မြို့နယ်နေရာတွေနဲ့ ပင်လယ်ဘက်နဲ့နီးတဲ့နေရာတွေမှာ အိမ်တချို့ထိခိုက်ပျက်စီးတာရှိတယ်။ ဒေးဒရဲဘက်မှာတော့ လူသေဆုံးမှုရှိခဲ့တယ်။ လေပြင်းတိုက်လို့ အိမ်ပေါ် သစ်ပင်ပိပြီး မိသားစု (၅)ယောက်မှာ (၃)ယောက်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ နေအိမ်ပြိုကျတာ၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးတာတွေကို ထောက်ပံ့ပေးထားတဲ့အပြင် လူသေဆုံးမှုအတွက်လည်း ထောက်ပံ့းထားပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဖြေကြားသည်။

အဆိုပါရက်အတွင်း လေပြင်းတိုက်ခတ်မိုးရွာမှုကြောင့် သစ်ကိုင်းများကျိုးကျကာ လမ်းပိတ်ဆို့မှုအချိုု့လည်းဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်ဌာနမှ ရှင်းလင်းပေးမှုများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Eleven

0 comments:

Post a Comment