Monday, November 7, 2022

မြန်မာနိုင်ငံသား၏ ကယ်တင်မှုကြောင့် ထိုင်းအမျိုးသမီးကြီးတစ်ဦး မီးလောင်ခံရမည့်ဘေးမှလွတ်မြောက်ခဲ့

ထိုင်းနိုင်ငံ၊အန်ထောင်းခရိုင်၊အန်ထောင်းမြို့နယ်၊ထာ့အင်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် အသက် (၇၇)နှစ်အရွယ်ခန့်ရှိ ထိုင်းလူမျိုး အမျိုးသမီးကြီးတစ်ဦးသည် နိဝင်ဘာ ၇ ရက်နေ့လည်ပိုင်းက ၎င်းပိုင်နေအိမ်ခြံဝင်းအတွင်း၌ မြက်ခြောက်များအား မီးရှို့ခဲ့သည်။
ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က မြက်ခြောက်များအား မီးရှို့နေစဥ် ယင်း အသက်(၇၇)နှစ်အ ရွယ်ခန့်ရှိ ထိုင်းလူမျိုး အမျိုးသမီးကြီးမှာ ချော်လဲသွားခဲ့ပြီး ပြန်မထနိုင်ဖြစ်နေစဥ် ၎င်း၏ခန္ဓာကိုယ်အား မီးစွဲလောင်ခဲ့သည်။
ဖြစ်စဥ်အား စက်ဘီးနင်းလာသည့် မြန်မာနိုင်ငံသားတစ်ဦးမှမြင်တွေ့ခဲ့သဖြင့် ကယ်တင်ပေးခဲ့ရာ အမျိုးသမီးကြီး၏ ခြေထောက်နှစ်ဖက်နှင့်အဝတ်အစားအနည်းငယ်သာ မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။
ထို့ပြင် ထိုင်းလူမျိုး အမျိုးသမီးကြီးအား ကယ် တင်ပေးခဲ့သည့် မြန်မာနိုင်ငံသားသည် ပတ်ဝန်း ကျင်အားအကူအညီတောင်းခံမှုကြောင့် လာရောက်ဝိုင်းဝန်းကူညီပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မီးလောင်ကျွမ်းခံထားရသည့် ထိုင်းလူမျိုး အမျိုးသမီးကြီးအား တာဝန်ရှိသူများက လူမှုကူညီရေးအသင်းကားဖြင့် ဆေးကုသမှုခံယူနိုင်စေရန် အန်ထောင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်တွင် ထိုင်းလူမျိုး အမျိုးသမီးကြီးအား မြန်မာနိုင်ငံသားမှ အချိမ်မီမကယ်တင်ပေးနိုင်ပါက ခန္ဓာကိုယ်အနှံမီးလောင်ကျွမ်းခံရကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။



Popular

0 comments:

Post a Comment