Monday, November 7, 2022

လာအို၊ဘရူနိုင်း၊ထိုင်းနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များနှင့်သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်များကြားပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့

ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်သည် နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းက လာအို၊ဘရူနိုင်းနှင့်ထိုင်းနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များနှင့်သီးခြားစီတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

လာအိုနိုင်ငံ၊လွန်ပရာဘန်မြို့၌ပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(19th ASEAN Air Chiefs Conference – 19th AACC)ကာလအတွင်း သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဥ် နှစ်နိုင်ငံလေတပ်များကြား လူ သားချင်းစာနာထောက်ထားမှုအကူအညီများ၊သ ဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ် ငန်းများပူးပေါင်းဆောင်ရွက်ရေး၊အကြမ်းဖက်လုပ်ငန်းများကာကွယ်တားဆီးရေးတို့အတွက် နီး ကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်သည် နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းက လွန်ပရာဘန်မြို့တော်ရှိ Luang Prabang View ဟိုတယ်၌ပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသို့တက်ရောက်၍ “Toge-ther for Peace and Stability of ASEAN ”အားအသီးသီးဆွေးနွေးပြီး အစည်းအဝေးသဘောတူဆုံးဖြတ်ချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၃ ခုနှစ်တွင် (20th ASEAN Air Chiefs Conference – 20th AACC)အာဆီယံလေတပ်ဦး စီးချုပ်များ အစည်းအဝေးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ASEAN Air Chief Conference ဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုအတွက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်ထံသို့ လာအိုလေတပ်ဦးစီးချုပ်ကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


Popular

0 comments:

Post a Comment