Tuesday, November 22, 2022

ရဟတ်ယာဉ် ငှားရမ်းတဲ့အမှုအပါအဝင် စွပ်စွဲခံရတဲ့အဂတိအမှုအတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတဲ့ အမှုအပါအဝင်  အဂတိပုဒ်မနဲ့ စွပ်စွဲခံထားရတဲ့ အမှုအတွက်  သူမှာ အပြစ်မရှိဘူးလို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က   ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက် နေ့ နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ လုပ်တဲ့ ရုံးချိန်းမှာ ရဟတ်ယာဉ်ငှားရမ်းဖို့အတွက် ရုံးတွင်းတင်ပြချက်ကို လုပ်ထုံးလုပ်နည်းတွေ အတိုင်းသာ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် အပြစ်မရှိတဲ့ကြောင်း ထွက်ဆိုခဲ့တာလို့ ယင်းတို့က ပြောပါတယ်။

အဆိုပါ ရုံးချိန်းမှာတော့ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာနဲ့ သက်ဆိုင်တဲ့အမှုတွေကမှ အမှု အမှတ် ၄၆ ခုကို စစ်ဆေးခဲ့ပြီး ကျန်တဲ့အမှုတွေကို လာမည့် ရုံးချိန်းတွေမှာ စစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိအမှုများအတွက် စစ်ဆေးခဲ့တဲ့  ရုံးချိန်းမှာ သမ္မတ ဦးဝင်းမြင့်က ဘဏ္ဍာရေးစည်းမျဉ်းအတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါသေးတယ်။


MyanmaPlatform

0 comments:

Post a Comment