Tuesday, November 1, 2022

တွစ်တာတွင် Blue Mark ရရှိလိုပါက လစဉ်ကြေး ၈ ဒေါ်လာပေးရမည့် အစီအစဉ်သစ် အီလွန်မတ်စ်တင်ပြ

တွစ်တာတွင် အများပြည်သူအတွက် “power to the people” အစီအစဉ်ဖြင့် အတည်ပြုအမှတ်အသား(Blue Mark)စီစဉ်ပေးသွားမည်ဖြစ်ပြီး ထို့အတွက် လစဉ်ကြေး တစ်လလျှင် ၈ ဒေါ်လောပေးဆောင်ရမည့်အစီအစဉ်သစ် ယခုအခါ တွစ်တာကုမ္ပဏီကို ပိုင်ဆိုင်နေပြီဖြစ်သော ဘီလျံနာ အီလွန်မတ်စ်က တင်ပြပြောကြားလိုက်သည်။
ထိုသို့ပေးဆောင်ကာ Blue Mark ရရှိထားသူများအနေဖြင့် mention များ၊ reply များ၊ search များနှင့် အခြားကိစ္စရပ်များအတွက် ဦးစားပေးမှုများရရှိမည်ဖြစ်ပြီး၊ တွစ်တာတွင် ကြော်ငြာထိုးခြင်းများကိုလည်း အခြားသူများနှင့် စာလျှင် တစ်ဝက်မျှသာမြင်ကြရမည်ဖြစ်ကာ၊ အခြားသူများထက် ပိုမိုရှည်လျားသော ဗီဒီယိုဖိုင်များနှင့် အသံဖိုင်များကိုလည်း တင်ခွင့်ရမည်ဖြစ်ကြောင်းသူကဆိုသည်။
အီလွန်မတ်စ်သည် ကန်ဒေါ်လာ ၄၄ ဘီလျံဖြင့် Twitter ကို ဝယ်ယူထားခြင်းဖြစ်သည်။

Popular

0 comments:

Post a Comment