Tuesday, November 1, 2022

လုံခြုံမှု မရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့် အိပ်နေရမယ်လို့ နစက ဥက္ကဋ္ဌ ပြော

ငွေချမ်းသာ စိတ်ချမ်းသာပြီး တရားဥပဒေစိုးမိုးမှ တိုင်းပြည်သာယာဝပြောမှာ ဖြစ်ပြီး လုံခြုံမှု မရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့် အိပ်နေရမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “ တိုင်းပြည်သာယာဝပြော တယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်း သာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရား ဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ် ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည် အတွက်ဖြစ်သင့်တဲ့ ရည်မှန်းချက် ပါ” လို့ နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)မှာ ပြောတာပါ။
“ပြည်သူလူထု ဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ပေးဖို့က ကျွန်တော်တို့ လုပ်ဖို့ လိုပါတယ်။ ဒါဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့တာဝန် ကျေတယ်လို့ ပြောချင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ အစိုးရရဲ့ တာဝန်မကျေဘူး။ ကျွန်တော်တို့ လုပ်သွားတဲ့ဟာကို မှတ်ကျောက်တင်နေတာပဲ အခုအချိန်မှာ၊ နောင်တက်လာတဲ့ အစိုးရလည်း နောင်တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အစိုးရကို ဝေဖန်လိမ့်မယ်။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ အစိုးရ ကျွန်တော်တို့ ဝေဖန်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်ကို ဝေဖန် ခဲ့တယ်” လို့ ယင်းက ထပ်မံ ပြောပါတယ်။

MyanmaPlatporm

0 comments:

Post a Comment